မက္ကဆီကိုနိုင်ငံအရှေ့တောင်ပိုင်း ဗေရာခရုဇ်ပြည်နယ်ထဲက ကော်ဒိုဗာအဝေးပြေးလမ်းမကြီးတစ်နေရာမှာ ဇူလိုင်၂၁ရက်နေ့လယ်ပိုင်းက လမ်းဘေးချရပ်ထားတဲ့ ကုန်ကားတစ် စင်းကို မသင်္ကာဖွယ် တွေ့ရတယ်။
ရဲကသွားစစ်တော့ ယာဉ်မောင်းပျောက်နေတယ်။ ကားရှေ့ခန်းရဲ့နောက်က ကွန်တိန်နာကြီးကိုဖွင့်ကြည့်လိုက်တဲ့အခါ နိုင်ငံကူးပြောင်းသူ ၁၄၈ဦးကို တွေ့ရတယ်။ သူတို့ထဲမှာ အသက်မပြည့်တဲ့ ကလေးသူငယ် ၂၃ဦး ပါတယ်။
ဟွန်ဒူးရပ်စ်၊ ဂွါတီမာလာနဲ့ အယ်လ်ဆာဗေးဒိုး သုံးနိုင်ငံက ကူးပြောင်းလာကြသူတွေဖြစ်တယ်လို့ မကဆီကိုရဲဌာနက သတင်းထုတ်ပြန်တယ်။ မိသားစုလိုက်တွေ နိုင်ငံကူးပြောင်းလာကြတာ မိသားစုပေါင်း ၄၄စု အဲဒီကုန်ကားပေါ်လိုက်ပါလာကြတာလို့ ရဲအရာရှိတစ်ဦးက ပြောတယ်။
မကဆီကို နိုင်ငံထဲကို အခုနောက်ပိုင်း တရားမဝင်ကူးပြောင်းလာတဲ့လူတွေဟာ အဲဒီလိုကုန်ကားတွေထဲမှာ လှောင်ပိတ်ခံပြီး ဆင်းဆင်းရဲရဲနဲ့ လိုက်လာကြတာများတယ်လို့ အဲဒီရဲအရာရှိက ရှင်းပြတယ်။
ဂွါတီမာလာနိုင်ငံမှာ ရာသီဥတုကလည်းမကောင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကလည်းပေါ အကျင့်ပျက်ခြစားမှုကလည်း ထိန်းမနိုင် စီးပွါးရေးအခွင့်အလမ်းကလည်းမရှိသလောက်ရှားပါးနေတဲ့အတွက် အဲဒီနိုင်ငံကလူတွေနိုင်ငံရပ်ခြားကို ရွှေ့ပြောင်းတာအများဆုံးပဲလို့ ကျွမ်းကျင်သူတွေက ပြောတယ်။
Ref: CNN