မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ရွှေ ပန်းရွာအနီး၊ မကွေး-ကန်ပြား-မြို့သစ်-နေ ပြည်တော်ကားလမ်းမှာ မေလ၂၁ရက် မနက်၁၁နာရီကHijetယာဉ်နဲ့ခရီးသည်တင် Expressယာဉ်တို့ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။


ယာဉ်တိုက်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို မသိရသေးပေမယ့် ယာဉ်တိုက်မှုကြောင့် Hijet ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ အမျိုး သား(၄)ယောက်နဲ့အမျိုးသမီး(၈)ယောက်စုစု ပေါင်း(၁၁)ယောက်အနက် အမျိုးသား(၁) ယောက်နဲ့အမျိုးသမီး(၃)ယောက်တို့ဟာ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ကျန်သူအားလုံးထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် မနောဖြူ လူမှုကူညီရေးနဲ့ခေမာလူမှု ကူညီရေးအသင်းတို့က လူနာတင်ယာဉ် တွေနဲ့ မြို့သစ်မြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


ယာဉ်တိုက်မှုဖြစ်ပွားရာကို မြို့သစ်မြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင် တွေက ကယ်ဆယ်ရေးလုပ်ငန်းများ သွား ရောက်ကူညီဆောင်ရွက်ခဲ့ပေးခဲ့ရပါတယ်။
