မကွေး-နတ်မောက်-ပျော်ဘွယ်ကားလမ်းမကြီးမှာ ကားတစ်စီးချောက်ထဲကျ

၁၂ ဒီဇင်ဘာ၊၂၀၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လေးအိမ်ဘူတာကုန်းကျေးရွာ၊ မကွေး-နတ်မောက်-ပျော်ဘွယ်ကားလမ်းမကြီးမှာ ဒီနေ့မနက်ပိုင်း၅နာရီကျော်အချိန်ခန့်က ကားတစ်စီးချောက်ထဲထိုးကျပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကားထဲမှာ လူတစ်ဦးညှပ်နေတာကြောင့် နတ်မောက်မြို့နယ်မီးသတ်စခန်းကူညီကယ်ဆယ်ခဲ့ရတယ်လို့ဒေသခံတွေကပြောကြားပါတယ်။

ဖြစ်စဉ်ကြောင့် ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိတ်ဓာတ်ဖြူစင်ဂရုဏာရှင်များအသင်းယာဉ်နဲ့ နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *