မကွေး ကန်သာမင်္ဂလာကန်ထဲမှာ ငါးတွေ အစုလိုက် အပြုံ လိုက် ထောင်နဲ့ချီပြီး သေဆုံးမှုဖြစ်ပွား

ငါးတွေ သေဆုံးရတဲ့အကြောင်းအရင်း မသိရသေးဘဲ စိစစ်နေဆဲဖြစ်

မကွေးမြို့က ကန်သာမင်္ဂလာကန်ထဲမှာ မေလ၂၅ ရက်မနက်ပိုင်းက ငါးတွေ အစုလိုက် အပြုံလိုက် ထောင်နဲ့ချီပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အောက်ဆီဂျင်ပြတ်လို့လား ရေထုညစ်ညမ်းလို့လား လူ့ပ ယောဂကြောင့်လား ငါးတွေ ဘာကြောင့် သေတယ်ဆိုတာ သေချာမသိရသေးပါဘူး။သေဆုံးရတဲ့အကြောင်းအရင်းသေချာမသိသေးဘဲ လူတွေအနေနဲ့ဒီငါးတွေကို မစားသုံးသင့်ပါဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးခဲ့ရတဲ့ ငါးအရေအတွက်ဟာ ၅၀၀၀ဝန်းကျင်ခန့်ရှိပြီး ငါးကြင်းနဲ့တီလားဗီးယား ငါးမျိုးစိတ်တွေဖြစ်တယ်လို့လည်း သိရပါတယ်။

Photo- Myo Zaw Oo

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *