မကွေးမြို့ မြို့ရှောင်လမ်းမှာ Hijet မော် တော်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး တိမ်းမှောက်မှု ဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊မကွေးမြို့၊မြို့ရှောင်လမ်းမှာ ဇူလိုင်လ၁၇ရက် မွန်း၁၂နာရီက ျော်က Hijetမော်တော်ယာဉ်တစ်စီး ချောက်ထဲ ထိုးကျပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာကြောင့် ယာဉ်ပေါ်ပါ အမျိုး သား၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုး သား၂ဦးမှာ အသက်အန္တရာယ် စိုးရိမ် ရတယ်လို့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာကို မြန် မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ရောင် စုံမေတ္တာ လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်၃စီးနဲ့အသင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးခဲ့ရပြီး ဒဏ်ရာရရှိသူများကို မကွေးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ တယ်လို့ သိရပါတယ်။

Photo– ရောင်စုံမေတ္တာလူမှုကူညီ ရေးအသင်း

Visited 17 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *