မကွေးတိုင်းဒေသကြီး၊မကွေးမြို့၊ဖန်ခါးမြေ ဘိုးဘွားရိပ် သာဓမ္မာရုံမှာ အောက်တိုဘာလ၁ရက်နေ့က ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားနှင့်သက် ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲမှာ မြန်မာနိုင်ငံရဲ့အ သက်ကြီးဆုံးအဖြစ်မကွေးမြို့မှာနေထိုင်တဲ့ အသက်၁၂၃နှစ်အရွယ်ရှိ အဘွားဒေါ်ချောယဥ်ကို လူမှုဝန် ထမ်းဦးစီးဌာက ရွေးချယ်ခဲ့ပြီး ဂုဏ်ပြုငွေ ၁၀သိန်းကျပ်ကို ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။



၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံလူဦးရေ ၅၁.၄၈၆ သန်းအနက် ၄.၅သန်း (၈.၉ရာခိုင်နှုန်း)ဟာ သက်ကြီး ဘိုးဘွားများ ဖြစ် ပြီး လာမယ့် ၂၀၅၀ ခုနှစ်မှာ သက်ကြီးသူ အချိုးအစားဟာ နိုင်ငံ့လူဦးရေရဲ့ (၂၀.၂ ရာခိုင်နှုန်း)အထိ တိုးတက်များပြား လာနိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက သက်ကြီးရွယ်အိုများရဲ့ ဘဝ သာယာချမ်းမြေ့စေရန် ချမှတ်ထားတဲ့ အမှီအခိုကင်းပြီး လွတ်လပ်ခွင့် အပြည့်အဝရရှိစေဖို့၊ ပါဝင်ဆောင်ရွက်ခွင့် ရရှိစေဖို့၊ အပြန်အလှန် ကူညီဆောင်ရွက်မှုပြုကြဖို့၊ မိမိကိုယ်တိုင် ဖြည့်စွမ်းနိုင်ဖို့၊ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခွင့်ရရှိဖို့ စတဲ့ အခြေခံမူငါးရပ်ကို အကောင် အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။