မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊နွားကူးကျေးရွာ၊တောင်တွင်းလမ်းမှာ စက်တင်ဘာလ ၂၇ရက် မွန်းလွဲ၁နာရီ၂၅မိနစ်က နေအိမ်တစ် လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်အတွင်းကပိုလီယိုရောဂါဖြစ်နေတဲ့ ၁၄နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။



မီးလောင်မှုဖြစ်ပွားခဲ့ရတဲ့အကြောင်းအရင်းကိုမီးသတ်ဦးစီးဌာနက စိစစ်နေဆဲဖြစ်ပြီး မီး လောင်ကျွမ်းမှုဖြစ်ပွားရာကို မကွေးခရိုင်/မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်များ ထွက်ခွာ မီးငြှိမ်းသတ်အေးခဲ့ရတယ်လို့ သိရပါတယ်။
Visited 1 times, 1 visit(s) today