မကွေးတိုင်းဒေသကြီး၊မကွေးမြို့က မကွေးတက္ကသိုလ်မှာ ဇန်နဝါရီလ၈ရက်နေ့လယ်၁နာရီခွဲခန့်က ရည်းစားဟောင်းက ဓါးနဲ့ထိုးလို့ တက္ကသိုလ်ေကျာင်းသူအမျိုး သမီးငယ်တစ်ဦးသေ ဆုံးခဲ့ရတဲ့ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

“ကျွန်တော်တို့ သိရသလောက်ကတော့ သေဆုံးသူက လေးမရဲ့ရည်းစားက ဓါးနဲ့ထိုးခဲ့တာပါ။ဘာကြောင့် ခုလို ဓါးနဲ့ထိုးသွားတာလဲဆိုတာတော့ မသိဘူး။ဓါးနဲ့ထိုးသွားတဲ့ကောင်လေးကိုလည်း ဖမ်းမိတယ်တဲ့”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဓါးနဲ့ထိုးခံရလို့သေဆုံးသွားသူ အမျိုးသမီးငယ်မှာ ဓါးဒဏ်ရာနှစ်ချက်နဲ့သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
သေဆုံးသူအမျိုးသမီးငယ်ရဲ့ ရုပ်အလောင်းကို ရောင်စုံမေတ္တာပရဟိတအသင်းက မော်တော်ယာဥ်နဲ့ မကွေး တိုင်းပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 25 times, 1 visit(s) today



