■အောဂျင်တီးနားဘောလုံးအသင်းဟာ တ ရုတ်နိုင်ငံကိုရောက်လာပြီး ဇွန်၁၅ရက် ည ပိုင်းမှာ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားခဲ့တယ်။
အာဂျင်တီးနားနဲ့ ဩစတြေးလျဘောလုံး အ သင်းယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်ကို ပေကျင်း မြို့တော်က အလုပ်သမား အားကစားရုံကြီး ထဲမှာ ကျင်းပတော့ ဘောလုံးပရိသတ် ၅၀၀၀၀ ကျော်လာရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။
ဒုတိယပိုင်းယှဉ်ပြိုင်ကစားချိန်အတွင်းမှာ ပွဲကြည့်စင်ပေါ်က လူငယ်ပရိသတ်တစ်ဦး ဘောလုံးကွင်းထဲ ခုန်ချဝင်ရောက်လာပြီး ကွင်းရဲ့ဘယ်တောင်ပံဖက် ရောက်လာတဲ့ ကမ္ဘာကျော်ဘောလုံးသမား မက်ဆီကို ပြေးဖက်လိုက်တယ်။ ပြီးတော့ အမှတ် တရဓာတ်ပုံအရိုက်ခံတယ်။
အသက်၁၈နှစ်အရွယ် အဲဒီတရုတ်လူငယ် ဟာ အာဂျင်တီးနားဂိုးသမားအီမီမာတီနက်ဇ် ဆီကို ပြေးသွားပြီး လက်ဝါးချင်းရိုက် နှုတ် ဆက်တယ်။ ဒါနဲ့လည်းမပြီးသေးဘူး။ ဘော လုံးကွင်းကို ပတ်ပြေးပြန်သေးတယ်။ လုံခြုံ ရေးတွေ ကွင်းထဲဆင်းပြီးသူ့ကိုလိုက်ဖမ်းပြီးတော့မှ ပွဲဆက်ကန်လို့ရခဲ့တယ်လို့ မျက် မြင်သက်သေတွေက ပြောတယ်။
ဖမ်းခံရတဲ့လူငယ်ကလည်းပြုံးလို့ လာဖမ်းတဲ့ လုံခြုံရေးတွေကလည်းပြုံးလို့ နှစ်ဖက်ဘော လုံးသမားတွေလည်းပြုံးလို့ ပျော်စရာ ဘော လုံးပွဲဖြစ်ခဲ့တယ်။
ရဲစခန်းရောက်တော့ မက်ဆီပရိသတ် တ ရုတ်လူငယ်ကို တည်ဆဲဥပဒေအရ ချစ် ကြည်ရေးဘောလုံးပွဲတွေ ၁၂ လ မကြည့်ရလို့ ပြစ်ဒဏ်ပေးခံရတယ်။ မက်ဆီရဲ့ ပရိသတ် အသင်း တွစ်တာအကောင့်မှာ လွှင့်တင် တဲ့ ဗွီဒီယိုကနေ ထူးဆန်းတဲ့ အပြုအမူလုပ်မိခဲ့ တဲ့အတွက် တောင်းပန်ပေမယ့် သူက မလျှော့သေးဘူး။ မက်ဆီရဲ့ အော်တိုလက် မှတ်မရလိုက်လို နောက်တခါ မိုင်ယာမီ အထိလိုက်သွားမယ်လို့ ပြောတယ်။
Ref: Chinadaily