
မက္ကဆီကို၊ ဇူလိုင် ၁
မက္ကဆီကိုနိုင်ငံ က ဆန် ပေးဒရို ဟွာမေလူလာလို့ ခေါ်တဲ့ မြို့ငယ်လေးတစ်ခုရဲ့ မြို့တော်ဝန်ဖြစ်တဲ့ ဗစ်တာ ဟူဂို ဆိုစာ တစ်ယောက် မိကျောင်းမတစ်ကောင်နဲ့ လက်ထပ်လိုက်တဲ့ အကြောင်း မက္ကဆီကိုက သတင်းတွေမှာ ဖော်ပြနေပါတယ်။ မဂ်လာပွဲကို သာမန်ကာလျှံကာ မျိုးမဟုတ်ဘဲ ရိုးရာဂီတတွေ တီးမှုတ်ပြီး ဧည့်ပရိသတ်တွေ ရှေ့မှာ ခန်းခန်းနားနား ပျော်ပျော်ပါးပါးကြီး စည်စည်ကားကား ကျင်းပခဲ့တာပါ။
တံပိုးခရာတွေ နဲ့ ဒရမ်တွေ တီးမှုတ်ပြီး လှပပအဝတ်တန်ဆာတွေ ဆင်ပေးထားတဲ့ ၇နှစ် အရွယ် သတို့သမီးမိကျောင်းမလေးကို တက်ရောက်လာတဲ့ ပရိသတ်တွေက တစ်ယောက်တလှည့် ပွေ့ပိုက်ပြီး လှည့်လည်ကြပါတယ်။ ပရိသတ်တွေ စုံချိန်မှာတော့ သတို့သားဖြစ်တဲ့ မြို့တော်ဝန် ဆိုစာက ကက်သလစ်ဘာသာဝင်တို့ရဲ့ မဂ်လာပွဲထုံးတမ်းစဥ်လာ အတိုင်း အဖြူရောင်ဝတ်ဆင်ထားတဲ့ သတို့သမီး ကို နမ်းရှိုက်ခဲ့ပါတယ်။
မင်းသမီးလေးလို့ သူတိုတွေတင်စားခေါ်ဝေါ်ကြတဲ့ အဲဒီမိကျောင်းက သူတို့မြေကို စောင့်ရှောက်တဲ့ နတ်သမီးလို့ ရိုးရာအစဥ်လာ အရ ယုံကြည်ထားကြပါတယ်။ အခုလို့ ဒေသခံခေါင်းဆောင်ဖြစ်သူက နတ်သမီးနဲ့ လက်ထပ်လိုက်တာ ဒီမြေမှာ လူသားနဲ့ နတ်ဘုရားနဲ့ ပေါင်းစပ်လိုက်တယ် ဆိုတဲ့ အဓိပ္ပါယ် အဖြစ်သက်ဝင်ယုံကြည်ထား တာလည်းဖြစ်ပါတယ်။
“ ဒီလို့ ပေါင်းစပ်တာကြောင့် ကျနော်တို့ရဲ့မြစ်ချောင်းတွေထဲ ရေလိုလုံလုံလောက်ရဖို့ စားနပ်ရိက္ခာတွေ လုံလောက်ဖို့ အပြင် ရေထဲမှာ ငါးတွေ များများရှိဖို့ သက်ရောက်စေပါတယ်” လို့ ပူပြင်းခြောက်သွေ့တဲ့ ပစိဖိတ်ကမ်ရိုးတန်းက မြို့လေးရဲ မြို့တော်ဝန်ဖြစ်တဲ့ သတို့သားလောင်း ဗစ်တာ ဟူဂို ဆာစာ က ရှင်းပြပါတယ်။
အဲ့ဒီဓလေ့ ထုံးစံက လွန်ခဲ့တဲ ရာစုနှစ်တွေက ပေါ်ထွန်းခဲ့တဲ့ ဟစ်စပန်းနစ်ခေတ် မတိုင်မီကတည်းကကို မက္ကဆီကိုရဲ့ မြို့ရွာတချိုမှာ ရိုးရာအစဥ်လာ တစ်ုအနေနဲ့ ရှိနှင့်နေခဲ့တာ လို့လည်း သိရပါတယ်။
Ref: Bangkok Post