နူဗိုလီယွန်၊ မေ ၂၅
မက္ကဆီကိုနိုင်ငံ နူဗိုလီယွန်ပြည်နယ်မှာ သမ္မတလောင်း မဲဆွယ် စည်းရုံးပွဲ လုပ်နေတုန်း လေပြင်း တိုက်ခဲ့တာမို့ အခမ်းအနားလုပ်နေတဲ့ စတိတ်စင်ပြိုကျခဲ့ပါတယ်။ အဲဒိ မတော်တဆမှုကြောင့် လူကိုးယောက်သေဆုံးခဲ့ရပြီး မဲဆွယ်နေတဲ့ သမ္မတလောင်းလည်း ဒဏ်ရာ ပြင်းထန်လို့ ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
လူသိများတဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက်ဖြစ်တဲ့ ဂျော့ အယ်လဘားရက် ကတော့ အခင်း ဖြစ်တဲ့ အရှေ့မြောက်ပိုင်း ဆန် ပေးဒရို ဂါရဇာ ဂရာစီယမှာ လုပ်တဲ့ အဲဒိ မဲဆွယ်စည်းရုံးရေး မတော်တဆမှုမှာ ဒဏ်ရာမရခဲ့ဘူးလို့ သိရပါတယ်။
နူဗိုလီယွန်ပြည်နယ်က အုပ်ချုပ်ရေးမှူး အနည်းဆုံး လူ ၁၂၁ ယောက် ကတော့ ဒဏ်ရာရခဲ့ပြီး သေဆုံးသူတွေအတွက် နာရေးကူညီမှုအသင်းနဲ့ ဆေးရုံစရိတ်တွေ ကူညီဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။
“စက္ကန့်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခု၊ လေပြင်းတစ်ချက် တိုက်လိုက်အပြီး ကံမကောင်းစွာနဲ့ပဲ စတိတ်စင် ပြိုကျပြီး လူ့ အသက်ဆုံးရှုံးရတဲ့ အထိ မတော်တဆမှု ဖြစ်ခဲ့ရတယ်” လို့ အယ်လဗေးရက်စ် မေနက်စ် က Reuters ကို ပြောပါတယ်။
“ တီးဝိုင်း အဖွဲ့ရဲ့ ဒရမ်တွေ လွင့်ထွက်သွားတာကို ဘဝမှာ ပထမဆုံးမြင်ခဲ့ရတယ်။ တခြားသူတွေလည်း ဝရုန်းသုံးကားနဲ့ ခြေဦးတည့်ရာ ထွက်ပြေးကြတယ်။ တချို့က စင်ပေါ်ကနော ခုန်ချတာ တွေ့ရတယ်။ လို့လည်း မျက်မြင် တစ်ယောက်က ပြောပါတယ်။
Re: CNN
ပုံစာ။ ပြိုကျနေတဲ့ စတိတ်စင်ကို တွေ့ရပုံ
Feature Image Credit: Alberto Lopez/AP



