မွမ်ဘိုင်း၊ ဇန်နဝါရီ ၂၀
အသက် ၅၄ နှစ်အရွယ် ခမ်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ကြာသပတေးနေ့မှာ သူ့ရဲ့ မွမ်ဘိုင်း နေအိမ်ကို ဖောက်ထွင်းဖို့ ကြိုးစားနေတဲ့သူက ခမ်းကို ခြောက်ကြိမ်တိုင်တိုင် ဓားနဲ့ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။
အမှုနဲ့ ပတ်သက်တဲ့ ပထမ တရားခံကို ဖမ်းဆီးထားပြီဖြစ်ပေမယ့် အိန္ဒိယအလယ်ပိုင်း ချဟတ်တီဆာဂရပ် ပြည်နယ်ရဲတပ်ဖွဲက ဓားကိုင်တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ ဒုတိယလူတစ်ယောက်ကို ဇန်နဝါရီ ၁၈ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
အသက် ၅၄ နှစ်အရွယ်ခမ်းဟာ ကြာသပတေးနေ့အစောပိုင်းက မွမ်ဘိုင်းနေအိမ်ကို ဖောက်ထွင်းဖို့ ကြိုးစားနေတဲ့ အချိန် ကျူးကျော်လာသူရဲ့ ခြောက်ကြိမ်တိုင်တိုင် ဓားနဲ့ခုတ်တာခံခဲ့ရပါတယ်။ ခမ်းရဲ့ ကျောရိုး၊ လည်ပင်းနဲ့ လက်တွေမှာ ဓားဒဏ်ရာတွေရခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးချိန်မှာတော့ အန္တရာယ် ကင်းသွားပြီလို့ ဆရာဝန်တွေက ပြောပါတယ်။
ဘောလိဝုဒ်ရဲ့ ကြေးအများဆုံးနဲ့ အကျော်ကြားဆုံး သရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ခမ်းကို တိုက်ခိုက်မှုက ရုပ်ရှင်လုပ်ငန်းနဲ့ မွမ်ဘိုင်းမြို့ခံတွေကို တုန်လှုပ်သွားစေခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး ပိုကောင်းလာဖို့ လူအများက တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Ref: Reuters/sr
ပုံစာ။ မင်းသား အလီ ခမ်း
Feature Image Credit: REUTERS/Niharika Kulkarni



