ဘောလိဝုဒ်မင်းသား အမီတာ ဘာကျမ်း ရိုက်ကွင်းမှာ အပြင်းအထန်ဒဏ်ရာရ

 Projet K သရုပ်ဆောင်တွေ ဖြစ်တဲ့မင်းသမီး ဒီပီကာ ပါဒကွန်၊ မင်းသား ပရောဟတ်စ် နဲ့ မင်းသားကြီး အမီတာ ဘကျမ်း
Photo Credit: DNA Web Team

ဟိုက်ဒရာဘတ်၊ မတ် ၆

မင်းသားကြီး အမီတာ ဘကျမ်းတစ်ယောက် အိန္ဒိယတောင်ပိုင်းမှာ ရုပ်ရှင်ရိုက်ကူနေတုန်း မတော်တဆမှုဖြစ်ပြီး နံရိုးကျိုးတဲ့ဒဏ်ရာအပြင် ကြွက်သားတွေပါစုတ်ပြဲသွားခဲ့တယ်လို့ သူ့ကိုယ်ပိုင် ဘလေ့ာခ်မှာ တင်ထားတာတွေရပါတယ်။

ဒဏ်ရာက နာကျင်နေလို့ ဆရာဝန်က အိမ်ပြန်အနားယူဖို့ညွှန်ကြားခဲ့ပါတယ်။ လတ်တလောမှာတော့ ဒဏ်ရာက သက်သာတဲ့ အနေအထားမျိုးရှိတယ်လို့ သူ့မိသားစုက ပြောပါတယ်။

အသက် ၈၀ အရွယ်ရှိနေပေမယ့် တက်ကြွနေသေးတဲ့ အမီတာ ဘကျမ်းဟာ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် Project K ဇာတ်ကား ကို ဟိုက်ဒရာဘတ်မှာ ရိုက်ကူးနေတုန်း နံရိုးဒဏ်ရာရသွားတာပါ။

 အဲ့ဒိဇာတ်ကားကို ဟိန္ဒီနဲ့ တီလူးဂူဘာသာစကားတွေနဲ့ ရိုက်ကူးနေတာ ဖြစ်ပြီး ၂၀၂၄မှာ ရုံတင်ဖို့ စီစဥ်ထားတဲ့ အကြောင်း လည်း သိရ ပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာ သက်သာလာတဲ့ အထိ ဇာတ်ကားရိုက်ကူးရေးကို  ရပ်ထားမယ်လို့ အမီတာ  ကိုယ်တိုင်ကပြော ပါတယ်။

အမီတာ ဘကျမ်းဟာ အိန္ဒိယရုပ်ရှင် ကား၂၀၀ ကျော် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၇၃ က စ အောင်မြင်မှု စခဲ့ပြီး ‌ဘောလိဝုဒ်ရဲ့ ထိပ်တန်းသရုပ်ဆောင်လည်းဖြစ် သင်္ကတ တစ်ခုလည်း ဖြစ်တဲ့သူပါ။

ဒီနေမှာတော့ အမီတာ ဟာ မင်းသားအလုပ်အပြင်ရုပ်သံတင်ဆက်သူအဖြစ်လည်း လုပ်ကိုင်နေပြီး နိုင်ငံရေးလောက ကို လည်း ခြေချထားတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Ref: AP

မင်းသားကြီး အမီတာ ဘကျမ်း
Photo Credit: INSYTAGRAM/AMITABHBACHCHAN
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *