ဘောင်းဘီရှည်ထဲမှာ မြွေအကောင်ရေ ၁၀၀ ကျော်ဆန်အောင့်  ခက်ခက်ခဲခဲ ခိုးသယ်လာတဲ့  တရုတ်အမျိုးသားကို နယ်စပ်အကောက်ခွန်က ဖမ်းမိ

ပေကျင်း၊ ဇူလိုင် ၁၀

တရုတ်အကောက်ခွန်အာဏာပိုင်တွေဟာ  ဘောင်းဘီရှည်ထဲမှာ  မြွေအကောင်ရေ ၁၀၀ ကျော်ကို ရအောင်ဖွက်သယ်လာတဲ့ တရုတ်အမျိုးသားတစ်ယောက်ကို အင်္ဂါနေ့ ဇူလိုင် ၉ရက်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မြွေတွေ သယ်လာတဲ့ အမည်မဖော်လိုသူ ခရီးသွားဟာ ဟောင်ကောင်ကနေ ပြည်မကြီး နယ်စပ်မြို့ ရှန်ဇန်ကို ဖြတ်ဖို့ ကြိုးစားနေတုန်း အကောက်ခွန်အရာရှိတွေက ဖမ်းမိခဲ့တာဖြစ်ပါတယ်။

 “စစ်ဆေးချက်အရ အဲဒိအမျိုးသား ၀တ်ထားတဲ့ ဘောင်းဘီအိတ်ထဲမှာ အိတ် ခြောက်လုံးကို တိပ်နဲ့ အလုံပိတ်ထားတာကို အကောက်ခွန် အရာရှိတွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အိတ်တွေကို ဖွင့်လိုက်တော့  အိတ်တစ်ခုစီမှာ ပုံသဏ္ဍာန်မျိုးစုံ၊ အရွယ်အစားနဲ့ အရောင်အသွေးမျိုးစုံ မြွေအရှင်တွေကို တွေ့ခဲ့ရတာပါ” လို့ အကောက်ခွန်အရာရှိက ပြောပါတယ်။

မြွေမျိုးစုံ ၁၀၄ ကောင်ကို အာဏာပိုင်တွေ က သိမ်းဆည်းရမိခဲ့ပြီး အများစုက ဇာတိမျိုးစိတ်တွေ မဟုတ်ဘူးလို့လည်း သိရပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး တိရိစ္ဆာန်ကုန်ကူးတဲ့  အချက်အချာတွေထဲက တစ်ခုဖြစ်နေပေမယ့်လည်း ၂၀၂၀နောက်ပိုင်းကစလို့ အာဏာပိုင်တွေက တရားမဝင်ကုန်သွယ်မှု အဖြစ် နှိမ်နင်းနေတာပဲ ဖြစ်ပါတယ်။

“စည်းကမ်းဖောက်ဖျက်သူတွေကို ဥပဒေနဲ့အညီ အရေးယူမှာပါ” လို့  အကောက်ခွန်အာဏာပိုင်တွေက  ပြောဆိုပေမယ့်  ပြစ်ဒဏ်ကိုတော့ ထည့်မပြောဘူးလို့ သိရပါတယ်။

Ref: AFP

ပုံစာ။ ဖမ်းမိထားတဲ့ မြွေအရှင်တွေကို တွေ့ရပုံ

Feature Image Credit: WeChat/China Customs

Visited 50 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *