ဘေလ်ဘုတ် အယ်လ်ဘမ်ဇယား နံပါတ် (၁) နေရာကို ရတဲ့ ပထမဆုံးသော လူမည်းအမျိုးသမီး ဘီယွန်းဆေး ဖြစ်လာ

ဘီယွန်းဆေးရဲ့ ဖျော်ဖြေနေဟန်
ဓါတ်ပုံ။ Bustle

နယူးယော့ခ်၊ ဧပြီ ၁၀

ဘီယွန်းဆေးရဲ့ နောက်ဆုံးအယ်လ်ဘမ်ဖြစ်တဲ့   Cowboy Carter ဟာ ဘေလ်ဘုတ်အယ်လ်ဘမ်ဇယားမှာ နံပါတ် ၁ နေရာကို ကိုရောက်ခဲ့တာမို့ ၁၉၆၄ ခုနှစ်ကစပြီး နံပါတ် ၁ ချိတ်နိုင်တဲ့  ပထမဆုံး လူမည်းအမျိုးသမီး အဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။

သူ့တေးအယ်လဘမ်က ဘေလ်ဘုတ်ရဲ့ သတ်မှတ်ချက် အဆင့် ၂၀၀ မှာ  ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခု အယ်လဘမ်ကတော့ သူ့ရဲ့ ရှစ်ခုမြောက် လည်း ဖြစ်ပါတယ်။

Cowboy Carter ဟာ  မတ် ၂၉က်က စပြီး အမေရိကန်မှာ ရတဲ့ ရောင်းအားနဲ့ တခြား ဝယ်လိုအားစီးကြောင်းတွေက စုစုပေါင်းအယ်လ်ဘမ်ယူနစ် 407,000 ရှိခဲ့ပါတယ်။

ကန်းထရီးဂီတကို  လူမည်းတွေ အနေနဲ့ သီဆို ဖန်တီးလေ့ မရှိကြပါဘူး။ အမေရိကန်ဖြူတွေရဲ့ ကျေးလက်ဂီတ စစ်စစ် ဖြစ်နေလို့ပါ။ အခုလိုမျိုး လူမည်းအမျိုးသမီး တစ်ယောက်က ကန်းထရီးဂီတကို ဖန်တီးတယ် ဆိုတာ အရမ်း စွန့်စားခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၂၄ ဂရမ်မီဆု ပေးပွဲကိုလည်း ဘေယွန်းဆေးက ကန်းထရီး ဝတ်စုံနဲ့ တက်ခဲ့ပြန်ပါတယ်။

ဒိနောက် Super Bowl ပွဲမှာလည်း သူက  ကန်းထရီး စစ်စစ်မဟုတ်ပေမယ့် ကန်ထရီးစတိုင် စပ်ဆိုထားတဲ့ သီချင်းနှစ်ပုဒ်ဖြစ်တဲ့  Texas Hold’Em နဲ့ 16 Carriages  သီချင်းတွေကို   ပရိသတ်ရှေ့ ချပြခဲ့ပြီး နောက်တော့ အခု နံပါတ် ၁ ချိတ်ခဲ့တဲ့ Cowboy Carter အယ်လဘမ် ထွက်လာတာ ဖြစ်ပါတယ်။

Ref: AP

ပုံစာ။ ဘီယွန်းဆေးရဲ့ အယ်လဘမ် မျက်နှာဖုံးပုံ

Feature Image credit: AP

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *