ဘေဂျင်းမှာ စံချိန်တင် မိုးရွာ ၃၃ယောက်သေ ၁၈ယောက် ပျောက်ဆုံးနေဆဲလို့ သိရ

ဘေကျင်း၊ ဩဂုတ် ၉

တရုတ်နိုင်ငံ ဘေကျင်းမှာ အခု ရက်သတ္တပတ်ထဲ စံချိန်တင်တဲ့ မိုးကြီး အပြင်းအထန်ရွာသွန်းခဲ့တာကြောင့် ဩဂုတ်လ ၉ရက်နေ့အထိ လူ ၃၃ယောက်သေဆုံးခဲ့ရပြီး ၁၈ယောက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ တာဝန် ရှိသူတွေက ပြောဆိုလိုက် ပါတယ်။

မြို့တော်ဘေကျင်းမှာ ရွာခဲ့တဲ့ စံချိန်တင်မိုးကြောင့် အခြေခံအဆောက်အအုံတွေ  ပျက်စီးခဲ့ရသလို မြို့ဆင်ခြေဖုံးအပါအဝင် အနီးပတ်ဝန်းကျင်နေရာတွေလည်း  ရေနစ်မြုပ်ခဲ့ရပါတယ်။ လူအသေအပျောက် ဖြစ်ခဲ့ရတဲ့ အကြောင်းမှာ အဆောက်အဦ တွေ ပြိုကျတာကြောင့်လည်း တစ်ခုအပါအဝင်လို့ ပြောပါတယ်။

ဘေကျင်း ဒု-မြို့တော်ဝန် ရှော လင်းမောက်က “တာဝန်ကျတဲ့ နေရာမှာ သေဆုံးသွားတဲ့ သူတွေနဲ့ ကံဆိုးသူ တွေအတွက် ဝမ်း နည်း ကြောင်း ဖော်ပြချင်ပါတယ်”  ဆိုပြီး နိုင်ငံပိုင် ရုပ်သံ CCTV နဲ့ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ  ပြောဆိုခဲ့ တယ်လို့ လည်း သိရပါတယ်။

ပြီးခဲ့တဲ့ လကလည်း နိုင်ငံ မြောက်ပိုင်းနေရာအနှံ့အပြားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့လို့  လူအများအပြား သေဆုံးခဲ့တယ် လို့ သိရပြီး  နိုင်ငံတစ်ဝှမ်း ဩဂုတ်လထဲမှာတင် သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၁၄၇ ယောက် အထိရှိခဲတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

မကြာသေးတဲ့ ရက်သတ္တပတ်တွေမှာ ကမ္ဘာတစ်ဝှမ်း ရာသီဥတုဖောက်ပြန်မှုနဲ့ အချိန်ကြာကြာ ကြုံခဲ့ရတဲ့ အပူလှိုင်းဒဏ် ကြောင့် သန်းနဲ့ချီတဲ့ လူတွေ ထိခိုက်ခံစားခဲ့ရပြီး ရာသီဥတုပြောင်းလဲမှုတွေဟာ ပိုပိုပြီးဆိုးရွား လာတယ်လို့ သိပ္ပံပညာရှင် တွေက ပြောဆိုလိုက်ပါတယ်။

Ref: AFP/jo

ပုံစာအညွှန်းမိုးကြီးရွာသွန်းပြီးနာက် ကျန်ခဲ့တဲ့ အပျက်အစီးများ

Feature Image credit : AFP/File/Jade Gao

Leave a Reply

Your email address will not be published. Required fields are marked *