ဘေကျင်းအိုလံပစ်ဖွင့်ပွဲနေ့မှာပဲ တရုတ်သမ္မတရှိကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဘေကျင်းမှာတွေ့

ဘေကျင်း၊ ဖေဖေါ်ဝါရီ ၄

အခုသီတင်းပတ် ဖေဖေါ်ဝါရီ ၄ရက်နေ့မှာ စတင်ဖွင့်လှစ်ကျင်းပလိုက်တဲ့ တရုတ်နိုင်ငံရဲ့ ၂၀၂၂ဘေကျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲနေ့မှာပဲ ဘေကျင်းမှာ တွေ့ဆုံခဲ့ကြပြီး သူတို့နှစ်နိုင်ငံရဲ့ စည်းလုံးမှုကို ပြသကာ နေတိုးရဲ့ အင်အားတိုးချဲ ့နေမှုတွေကို ရပ်တန့်ဖို့ တောင်းဆိုလိုက်ကြပါတယ်။

ဒီလို ထိပ်သီးခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံခြင်းက  တရုတ်နဲ ့ရုရှားနှစ်နိုင်ငံအကြား တစ်စတစ်စကျဉ်မြောင်းလာနေတဲ့ ဆက်ဆံရေးအတွက် ခြေလှမ်းတစ်ရပ်ဖြစ်ဖို့လည်း မျှော်လင့်ထားကြပါတယ်။

ယူကရိန်းနယ်စပ်ကို ရုရှားတပ်တွေ အလုံးအရင်းဝင်ရောက်မယ့် ကိစ္စအတွက် ရုရှားအနေနဲ့ ကြီးမားပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဆက်တိုက် ဖြစ်လာမယ်လို့လည်း နေတိုးအပါအဝင် အနောက်အင်အားကြီးနိုင်ငံတွေက ရုရှားကို သတိပေးထားပြီးလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံကြားရေးဝန်ကြီးဌာန( MOFA) ကတော့ ခေါင်းဆောင်နှစ်ဦးဟာ နှစ်နိုင်ငံအကြား လုံခြုံရေးနဲ့ တည်ငြိမ်ရေးစတဲ့ ကိစ္စတွေကို အတူတကွပူးပေါင်းဆောင်ရွက်ဖို့ အလေးထားဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖွင့်ပွဲ့နေမှာ ဓါတ်ပုံအရိုက်ခံခဲ့တဲ့ ပူတင်ဟာ အိုလံပစ်ဖွင့်ပွဲကို တက်ရောက်ခဲ့ကြတဲ့ ကမ္ဘာ့ခေါင်းဆောင်အနည်းငယ်ထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ အမေရိကန်၊ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံတွေက လူ့အခွင့်ရေးမှတ်တမ်းတွေအရ သံတမန်လမ်ကြောင်းအရ သပိတ်မှောက်ခဲ့သလို အခြားသော ခေါင်းဆောင်တွေကတော့ ဘေကျင်းရဲ့ ကိုဗစ်ဆိုင်ရာတင်းကျပ်တဲ့စည်းကမ်းတွေကြောင့် ဖိတ်ကြားမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

သောကြာနေ့က တွေ့ဆုံခြင်းဟာ ရှီ နဲ့ ပူတင်တို့ နှစ်နှစ်အတွင်း ပထမဆုံးတွေ့ဆုံမှု ဖြစ်လာခဲ့ပါတယ်။ဒီနောက်တော့ ကရင်မလင်ကနေ ပူးတွဲကြေငြာချက်တစ်စောင်ထုတ်ပြန်ပြီး  တရုတ်ရုရှား ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဖော်ပြခဲ့ပါလို့  သိရပါတယ်။

Ref: CNN

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *