ဘေကျင်း၊ ဒီဇင်ဘာ ၁၅
ဘေကျင်းမှာ ဒီဇင်ဘာ ၁၄ရက်နေ့က မြေအောက်ရထားနှစ်စင်း တိုက်မိပြီး ခရိးသည် ၁၀၂ယောက် အရိုးကျိုးသွားတယ်လို့ တရုတ်အစိုးရမီဒီယာက ဖော်ပြပါတယ်။ ဒေသ စံတော်ချိန် ၁၉:oo နာရီမှာ တိုက်မိခဲ့တာ ဖြစ်ပြီး ခရီသည် ၅၀၀ကျော်ကို လည်း နီးစပ်ရာ ဆေးရုံကို ပို့ ခဲ့ရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၅ရက် သောကြာနေ့ မနက်ပိုင်းအထိတော့ ၄၂၃ ယောက်က ဆေးရုံက ဆင်းသွားပြီ လို့ ဆိုပါတယ်။တရုတ်နိုင်ငံ မြို့တော်ဘေကျင်း ရဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်မှာ ဒီလိုမျိုး မတော်တဆမှုက အဖြစ်နည်းပေမယ့် နှင်းမုန်တိုင်းတွေ ကြောင့် လမ်းချော်မှုတွေ ဖြစ်ပြီး အခုလို ဖြစ်ရပ်ဖြစ်ခဲ့တာလို သိရပါတယ်။
ဒါပေမယ့် စုံစပ်စစ်ဆေူမှုတွေအရ ပထမရထားက ရုတ်တရက် ဘရိတ်ပေါက်သွားပြီး အချက်ပြ ကိရိယာ ပျက်သွား ပြီးတိုက်မိတာလို့ ဘေဂျင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီးChina Daily သတင်းက ဖော်ပြထားပါတယ်။
အေးခဲနေတဲ့ သံလမ်းပေါ်မှာ မောင်းနေတဲ့ အဲဒီရထားဟာ အချိန်မီ ဘရိတ်မမိနိုင်တော့ဘဲ ရှေ့ကရထားနောက်ဘက်ကို ဝင်တိုက်မိခဲ့လို့ သိရပါတယ်။
ရထားနှစ်စီးစလုံးပျက်စီးသွားခဲံပြီး ခရီးစဉ်တွေအတော်များများ ဖျက်ခဲ့ရတယ်လို့လည်း သိရပါတယ်။
Ref: BBC
ပုံစာ။ ရထားတိုက်မှူ ဖြစ်ခဲ့တဲ့ နေရာကို တွေ့ရစဉ်
Feature Image Credit: WEIBO



