ဘုရင်စနစ်ပြုပြင်ပြောင်းလဲမည်ဆိုသောမည်သည့် ဝန်ကြီးချုပ်လောင်းကိုမဆို ဘူမ်ကျိုင်ထိုင်းပါတီက ထောက်ခံမည်မဟုတ်

မကြာသေးမီက ပြီးဆုံးခဲ့တဲ့ ထိုင်းရွေး ကောက်ပွဲမှာ တတိယမဲ အများဆုံးရရှိခဲ့တဲ့ ဘူမ်ကျိုင်ထိုင်းပါတီအနေနဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ဘယ်ဝန်ကြီးချုပ် လောင်းကိုမှ ထောက်ခံမှာမဟုတ်ဘူးလို့ မေ၁၈ရက်မှာကြေညာချက်ထုတ်လိုက်ပါ တယ်။

အမ်အက်ဖ်ပီပါတီအနေနဲ့ မဲအများဆုံးရ ထားတယ်ဆိုပေမယ့် လူကြိုက်များနေတဲ့ အသက်၄၂နှစ်အရွယ် ပါတီခေါင်းဆောင် ပီတာလင်မ်ဂျရိုယင်ရတ် ဝန်ကြီးချုပ်ဖြစ် လာဖို့ ပါလီမန်အမတ်တွေရဲ့စုစုပေါင်း ထောက်ခံမဲ၃၇၆မဲလိုအပ်ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ပြည်ပသတင်းမီဒီ ယာတွေက ပီတာ ဝန်ကြီးချုပ်ဖြစ်လာစေဖို့ ဝိုင်းပြီးတွန်းပို့နေကြပေမယ့် ထိုင်းတည်ဆဲ ဥပဒေရဲ့ ပေးထားချက်ကို ကျော်လို့မရ ပါဘူး။

သူနဲ့သူ့ပါတီကလူတွေလိုက်စည်းရုံးခဲ့ရာက အခုဆိုရင် သူ့အတွက် ထောက်ခံမဲ စုစု ပေါင်း ၃၁၃မဲရပြီလို့ မေ၁၈ရက် သတင်းစာ ရှင်းလင်းပွဲမှာထုတ်ပြန်ပါတယ်။ တကယ်လို့ ဘူမ်ကျိုင်ထိုင်းပါတီက မဲ၇၀ရလိုက်ရင် ပီတာဝန်ကြီးချုပ်ဖြစ်ပါပြီ။

အခုတော့ ဆေးခြောက်စိုက်ပျိုးရေးလုပ်ငန်း ရှင်တွေနဲ့ ဆေးခြောက်စိုက်တောင်သူတွေ ရဲ့ အား ပေးထောက်ခံမှုအပြည့်အဝရရှိထား တဲ့ ဘူမ်ကျိုင်ထိုင်းပါတီကသူ့ကိုမထောက်ခံ ဘူးလို့ အပြတ်ငြင်းလိုက်တဲ့သဘောဖြစ်ပါ တယ်။

ဘူမ်ကျိုင်ထိုင်းပါတီရဲ့ကြေညာချက်နဲ့ပတ်သက်ပြီးသတင်းထောက်က မေးတော့ အဲဒါ သူတို့ကိစ္စပါ။၈ပါတီဖက်ရဲ့ရပ်တည်မှုကရှင်းပါတယ်လို့ဖြေပါတယ်။

Ref: Aljazeera

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *