ဘုရင်ကို စော်ကားမှုနဲ့ ထိုင်းအမျိုးသားတစ်ဦး ထောင်နှစ်နှစ် ချခံရ

ဘဲရုပ်တွေနဲ့ ဆန္ဒဖော်ထုတ်နေတဲ့ မြင်ကွင်းတစ်ခု
Photo Credit: MLADEN ANTONOV / Contributo

ဘန်ကောက်၊ မတ် ၈

သရော်စာနဲ့ ရော်ဘာဘဲရုပ်တွေပါတဲ့ ပြက္ခဒိန်တွေ ရောင်းချခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ထိုင်းအမျိုးသားတစ်‌ဦးကို ဘုရင်မင်းမြတ် အသရေပျက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့   အစိုးရရှေ့နေတွေက ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်ပါတယ်။

ထောင်ဒဏ်ချခံရတဲ့ သူဟာ အသက်၂၆နှစ်အရွယ် နာရာသွန် ဖြစ်ပြီး ၂၀၂၀ခုနှစ်က ဘုရင်ကို ဝေဖန်ပြောဆိုမှုနဲ့  ဖမ်းဆီးခဲ့တဲ့ လူအယောက်၂၀၀ ထဲက တစ်ဉီးလည်း ဖြစ်တယ်လို့ သိရပါတယ်။

အဝါရောင် ရာဘာဘဲရုပ်ဟာ  ထိုင်းနိုင်ငံမှာတော့  ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။

တက်ကြွလှုပ်ရှားသူတွေက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေမှာ အဲ့ဒိဘဲရုပ် သင်္ကေတကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။ အလားတူ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုတွေမှာလည်း အသုံးပြုလေ့ရှိပါတယ်။

ရောင်းချခဲ့တဲ့ ပြက္ခဒိန်တွေမှာ  နိုင်ငံရေးသရော်စာတွေနဲ့  တော်ဝင်ဝတ်စုံနဲ့ဘဲရုပ် အပါအဝင် အငြင်းပွားဖွယ်ရာ စာတန်း တွေပါဝင်တယ်လို့ သိရပါတယ်။။

အစိုးရရှေ့နေတွေကတော့  ဘုရင် မဟာဝိဇယလောင်ကွန်း ကို  လှောင်ပြောင်သရော်ကာ အသရေဖျက်တဲ့ လုပ်ရပ်လို့ သတ်မှတ်စွဲချက်တင်ခဲ့တာပဲ ဖြစ်ပါတယ်။

Ref: BBC

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *