ဘီလ်ဂိတ်စ်ကို တရုတ်သမ္မတရှီကျင့်ဖျင် လက်ခံတွေ့ဆုံ

အမေရိကန်အခြေစိုက် မိုက်ခရိုဆော့ဖ် ကွန်ပျူတာနည်းပညာကုမ္ပဏီရဲ့ပူးတွဲတည်ထောင်သူ ကမ္ဘာကျော်ပရဟိတ သန်း ကြွယ် သူဌေး ဘီလ်ဂိတ်စ် ဇွန်၁၆ရက်က တရုတ် နိုင်ငံကို အလည်အပတ်ရောက်ရှိ လာခဲ့ပါတယ်။

သမ္မတရှီကျင့်ဖျင်က သူ့ကို ပေကျင်းမြို့ တော်က တီယိုယုတိုင် နိုင်ငံတော် ဧည့်ခန်း

မဆောင်မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ တ ရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ရှီအနေနဲ့ပြည်ပစီးပွါးရေးနဲ့အခြားစွန့်ဦးတီထွင်သူတွေကို လက်ခံတွေ့ဆုံခြင်းမပြုတာ နှစ် အနည်းငယ်ကြာခဲ့ပါပြီ။ ဘီလ်ဂိတ်စ်က တော့ သူ့မိတ်ဆွေဟောင်းကြီးဖြစ်တယ်လို့ ရှီကပြောတယ်။ အခု ၃နှစ်ကြာပြီးမှ သူတို့ တွေ့ဆုံခဲ့ကြတာလို့ ဆိုပါတယ်။

ဒီနစ်မှာ ရှီပထမဆုံးလက်ခံတွေ့ဆုံခဲ့တဲ့ အမေရိကန်မိတ်ဆွေဟာ ဘီလ်ဂိတ်စ် ဖြစ် ပါတယ်။ မိမိတို့မိတ်ဟောင်းဆွေဟောင်း နှစ်ဦးတွေ့ဆုံတဲ့အခါ ကမ္ဘာလုံးဆိုင်ရာ လူ ထုကျန်းမာရေးအခြေအနေ ကျန်းမာရေး

စောင့်ရှာက်မှုရတဲ့နေရာမှာ မညီမျှမှု ပြသနာ တွေအကြောင်းဆွေးနွေးပြောဆို ဖြစ် တယ်လို့ ဂိတ်စ်ကပြောကြားခဲ့ပါတယ်။

ဘီလ်ဂိတ်စ်ဟာ တခြားအမေရိကန် သန်း ကြွယ်သူဌေးတချို့လို နိုင်ငံရေးမှာ ဝင်မရှုပ် ဘဲ လူမှုရေး ပရဟိတသက်သက်ပဲ လုပ်တဲ့ အတွက် ရှီက ပိုပြီးလေးစားခင်မင်တယ်လို့ တရုတ်ပြည်တွင်း သတင်းမီဒီယာတွေမှာ ဖော်ပြကြတယ်။

Ref: Aljazeera

Visited 17 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *