ဘီလင်းမြို့နယ်မှာ ခရီးသည်တင် Express ယာဉ်တစ်စီး တိမ်း မှောက် မှုဖြစ်ပွား

မွန်ပြည်နယ်၊ဘီလင်းမြို့နယ်နဲ့ကျိုက်ထိုမြို့နယ်ကြား အလူးလေးကျေးရွာအထပ်သား စက်ရုံအနီးမှာ သြဂုတ်လ၂၂ရက် မနက် ၁၀နာရီခန့်က ခရီးသည်တင်Express ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ် မှာလိုက်ပါလာတဲ့ ခရီးသည်၄၀ဦးအနက် ကလေး၂ဦး၊အမျိုးသား၁ဦးနဲ့အမျိုးသမီးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါ တယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို လူမှုကူညီ ရေးအသင်းက မော်တော်ယာဉ်တွနဲ့ ဘီး လင်းမြို့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 55 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *