ဘိုင်ဒန်အစိုးရက အစ္စရေးကို ဒေါ်လာ တစ်ဘီလီယံတန်ကြေးရှိတဲ့ လက်နက်တွေတင်ပို့ဖို့ စီစဉ်နေ

ဝါရှင်တန်၊ မေ ၁၅

အစ္စရေးရဲ့ ရာဖာ ထိုးစစ်ကို ဖိအားပေးနေပေမယ့်လည်း တစ်ကယ့် လက်တွေ့မှာတော့ ဘိုင်ဒန် အစိုးရဟာ အစ္စရေးကို လက်နက် ဒေါ်လာ ၁ ဘီလီယံ (ပေါင်သန်း ၈၀၀) ကျော်ဖိုး ပေးပို့ဖို့ ရှိနေတယ်လို့ အိမ်ဖြူတော်က လွှတ်တော်ကို  ပြောဆိုလိုက်ပါတယ်။

အစ္စရေးကို ပေးပို့မယ့် လက်နက်တွေထဲမှာ  တင့်ကားကျည်တွေ၊ မော်တာတွေနဲ့ သံချပ်ကာ နည်းဗျူဟာသုံးယာဉ်တွေ ပါမယ်လို့  Reuters သတင်းဌာနက ဖော်ပြပါတယ်။

အစ္စရေးက ရာဖာမြို့ကို   ကြီးကြီးမားမားကျူးကျော်လာပါက လက်နက် တင်ပို့ရောင်းချမှုကို ရပ်တန့်ပစ်မယ်လို့လည်း  ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန် သမ္မတ ဘိုင်ဒန်က ပြေဆိုခဲ့ပါသေးတယ်။

မေ ၁၄ရက် အင်္ဂါနေ့ကတော့  အစ္စရေးတင့်ကားတွေဟာ ဂါဇန်မြို့ အရှေ့တောင်ဘက်က လူနေရပ်ကွက်တွေထဲ့အထိ ထိုးဖောက် ဝင်ရောက်ခဲ့တဲ့အကြောင်း ပါလက်စတိုင်းသားတွေက Reuters ကို ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနကတော့ အစ္စရေးကို ပေးအပ်ထားတဲ့ အမေရိကန်လုပ်လက်နက်တချို့က နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ပံပိုးခဲ့တာ ဖြစ်နိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာ ဂါဇာက အစ္စရေးစစ်ဆင်ရေးအချို့ကို ရှင်းရှင်းလင်းလင်း ပြစ်တင်ရှုတ်ချခဲ့ပေမယ့်လည်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) စစ်ဆင်ရေးကတော့ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ အတိအကျ ပြေဆိုဖို့ ခက်ခဲနေတုန်းပဲ ဖြစ်တယ်လို့ သိရပါတယ်။

Ref: BBC

ပုံစာ။ ဂါဇာစစ်မြေပြင် တစ်နေရာ

FEATURE Image credit: Getty Images

Visited 47 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *