လာဂို့စ် (နိုင်ဂျီးရီးယား )၊ ဧပြီ ၂၃
လွန်ခဲ့တဲ့ ၁၀နှစ်က အိုင်စစ်စ် စ်သွေးကြွ အဖွဲ တစ်ခု ဖြစ်တဲ့ ဘိုကိုဟာရမ်အဖွဲ့က ပြန်ပေးဆွဲခေါ်သွားတဲ့ ကျောင်းသူလေးတစ်ယောက်ကို နိုင်ဂျီးရီးယားစစ်တပ်က ကယ်တင်နိုင်ခဲ့တယ်လို့ ဧပြီ ၂၂ သတင်းတွေက ဖော်ပြကြပါတယ်။
ပြန်ပေးစွဲခံထားရတဲ့ မိန်းကလေးကို မြောက်ပိုင်း ဘော်ရနို ပြည်နယ်မှာ လုပ်ခဲ့တဲ့ စစ်ဆင်ရေးထဲမှာပဲ တပ်ဖွဲ့ဝင်တွေရဲ့ ပျောက်ဆုံးနေတဲ့ သားသမီး သုံးယောက်ကိုပါ တစ်ပါတည်း ကယ်ဆယ်နိုင်ခဲ့တယ်လို့ စစ်တပ်အရာရှိက ပြောပါတယ်။
စစ်တပ်က ဘယ်လိုဘယ်ပုံ၊ ဘယ်အချိန်မှာ ကယ်တင်ခဲ့တယ်ဆိုတာကိုတော့ စစ်တပ်ဘက်က မဖော်ပြပါဘူး။
CNN က ဆက်သွယ်မေးမြန်းရာမှာလည်း မကြာသေးတဲ့ အချိန်ကပါလို့ပဲ ပြောပြီး ဘာမှတ်ချက်စကားမှ ပြောဆိုတာ မရှိဘူးလို့ သိရပါတယ်။
၂၀၁၄ ခုနှစ်မှာ ဘိုကိုဟာရမ်တို့ရဲ့ ဖမ်းဆီးသွားတာကိုခံခဲ့ရတဲ့ ကျောင်းသူလေး ၂၇၆ ယောက်ထဲမှာ အယောက် ၁၀၀ကျော်ပဲ လွတ်မြောက်လာသေးတာ ဖြစ်ပါတယ်။
အဲဒိ ၂၀၁၄ ခုနှစ် အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုက ကမ္ဘာလုံးဆိုင်ရာ ဆိုရှယ်မီဒီယာ အားလုံးပေါ်မှာ အပြင်းအထန် ရိုက်ခတ်ခဲ့သလို သက်ဆိုင်ရာအစိုးရကလည်း မိန်းကလေးတွေရဲ့ ပညာသင်ခွင့်နဲ့ ပညာရေးကို ကာကွယ်ဖို့ ကလေးတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ စစ်ဆင်ရေးလုပ်နေတဲ့ နိုက်ဂျီးရီးယားစစ်တပ်
Feature Image Credit: Adam Dobby/CNN



