ဘားအံမြို့မှာ မော်တော်ယာဥ်တစ်စီးနဲ့ ဘေးတွဲယာဥ်တစ်စီးတို့တိုက်မိပြီး အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ

ကရင်ပြည်နယ်၊ဘားအံမြို့၊ဗိုလ်ချုပ်လမ်းက ဇွဲကပင်ပလာဇာအနီးမှာ ဇန်နဝါရီလ၁၁ရက်မနက်၈နာရီခွဲက ရပ်ထားတဲ့ ဘေးတွဲယာဥ်ကို မော်တော်ယာဥ်တစ်စီးက ဝင်တိုက်မိခဲ့ပြီး အမျိုးသမီးနှစ်ဦး ပြင်းထန်စွာထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

Photo- မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့(ကရင် ပြည်နယ်)

ယာဥ်တိုက်မှုဖြစ်ပွားရာကို မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်)က ကူညီကယ်ဆယ်ရေးလုပ် ငန်းများဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အနီရောင်အဆင့်အမျိုးသမီးလူနာနှစ်ဦးကို ဘားအံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *