ဘားအံတက္ကသိုလ် အနီး ယာဉ်တိမ်းမှောက်၍ (၄)ဦးဒဏ်ရာ ရ

၂၁၊စက်တင်ဘာ၊၂၀၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ဘားအံတက္ကသိုလ်အနီး ယနေ့ နံနက်ကယာဉ်တိမ်းမှောက်၍ (၄)ဦးဒဏ်ရာ ရခဲ့ကြောင်း Myanmar Rescue Organization Hpa An က သိရသည်။

ယနေ့စက်တင်ဘာလ ၂၁ ရက် နံနက် ၁ နာရီခွဲ ခန့်ကဘားအံမြို့အမှတ် ( ၉ )ရပ် ကွက် ၊မေတ္တာလမ်း ဘားအံတက္ကသိုလ် ကျောင်းအနောက်ဘက်လမ်း၌ မော်တော်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမတော်တဆမှုတွင်မော်တော်ယာဉ်အတွင်းညပ်မိနေသူ အမျိုးသား (၂)ဦးနှင့် အပြင်ထွက်နေသောလူနာအမျိုးသား (၁)ဦး၊အမျိုးသမီး (၁) ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းကြောင့် Myanmar Rescue Organization – Hpa An ၏ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီမှုဆောင်ရွက်ကာဒဏ်ရာများပြုစုပေးပြီး လူနာ (၄) ဦးအား မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ဘားအံ၏ လူနာတင်ယာဥ် နှစ်စီးဖြင့် ဘားအံမြို့တောင်က​လေးစစ်ဆေးရုံပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *