ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားမြို့နယ် ၊၂ရပ်ကွက် ဘားလမ်း အလယ်ဘလောက်ရှိ မူဆလင်ဆေးရုံ တွင် မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်းသိရသည်။


ယနေ့ စက်တင်ဘာလ ၉ရက် မွန်းလွဲ ၁နာရီ ၃၅မိနစ် ခန့် က ဝါယာရှော့ကတစ်ဆင့် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ကနဦး ယူဆထားကြောင်းသိရသည်။
အဆိုပါမီးလောင်သည့်နေရာသို့ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာ ငြိမ်းသတ်ခဲ့ကြကြောင်းသိရသည်။