ဘာလီG 20 ထိပ်သီးဆွေးနွေးပွဲ အကြို အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီ ဘာလီမှာ တွေ့ဆုံ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နဲ့ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒို တို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က  ဘာလီမှာ တွေ့ဆုံနေပုံ
(ဓာတ်ပုံ- သမ္မတရုံးသတင်းအေဂျင်စီ/Laily Rachev)

ဘာလီ၊ နိုဝင်ဘာ ၁၄

၂၀၂၂ နိုဝင်ဘာ ၁၅-၁၆ ရက်တွေမှာ ကျင်းပမယ့် G 20 အစည်းဝေး မတိုင်မီ တစ်ရက်အလို နိုဝင်ဘာ ၁၄ရက်နေ့မှာ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်နဲ့ အိမ်ရှင် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီတို့ အစည်းဝေးကျင်းပမယ့် ဘာလီကျွန်းမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒီလို တွေ့ဆုံမှုက ဘာလီမှာနှစ်ရက်ကြာကျင်းပမယ့် G20 ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမတိုင်မီ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

“G20 ထိပ်သီးအစည်းအဝေးဟာ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တင်ပြနိုင်ပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာဖို့ မျှော်လင့်တယ်” လို့ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီ က သတင်းစကား ပါးပါတယ်။

အင်ဒိုနီးရှားဟာ တက်ကြွပြီး အရေးပါတဲ့ မိတ်ဖက်နိုင်ငံလို့ ခေါ်ဆိုလိုက်ပြီး နှစ်နိုင်ငံ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ရဖို့ အတူလက်တွဲ လုပ်ဆောင်ရမယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။  လာမယ့်အင်္ဂါနေ့မှာ တွေ့ဆုံကြရတော့မယ့် မိတ်ဆွေအသစ်တွေအကြောင်းကိုလည်း ပြောခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်က တည်ထောင်ထားတဲ့  နိုင်ငံခြားအကူအညီပေးရေးအေဂျင်စီတစ်ခု ဖြစ်တဲ့ Millennium Challenge Corporation ကနေ တစ်ဆင့် အင်ဒိုနီးရှားနိုင်ငံမှာ အရည်အသွေးမြင့် သယ်ယူပို့ဆောင်ရေးနဲ့ အခြေခံအဆောက်အအုံတွေဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်အတွက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါး ရင်းနှီးမြှုပ်နှံမယ် ဆိုတဲ့အကြောင်းမစ္စတာဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။

သမ္မတ ဘိုင်ဒန်ကပဲ “မနက်ဖြန်၊ အင်ဒိုနီးရှားရဲ့ သန့်ရှင်းတဲ့ စွမ်းအင် အသွင်ကူးပြောင်းမှုကို ပံ့ပိုးပေးမယ့် အသွင်ကူးပြောင်းရေး မိတ်ဖက်အသစ်ကို ထုတ်ဖော်ပြသမှာ ဖြစ်တယ်။”ဆိုတဲ့အကြောင်းကို လည်း ပြောဆိုခဲ့တဲ့အကြောင်း သိရပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ လာမည့် ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့  ဥက္ကဋ္ဌတာဝန်ယူတော့မယ့် အကြောင်းကိုလည်း ဆွေးနွေးခဲ့တယ်လို့  အမေရိကန်နိုင်ငံ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ  ထည့်သွင်းဖော်ပြထားတယ်လို့ သိရပါတယ်။

Ref: cna news

( လက်ရှိ G20 အဖွဲ့မှာ ပါဝင်တဲ့ နိုင်ငံတွေကတော့အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ တောင်ကိုရီးယား၊ ဂျပန်၊ မက္ကဆီကို၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိက၊ တူရကီ၊ ယူကေ၊အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေ ဖြစ်ပါတယ်)

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *