ဘာမှမမျှော်လင့်ပါနဲ့ ဇာတ်ကားရိုက် ကူးရာတွင် ပါဝင်သူအားလုံး ပြန်လွှတ် ပေးပါရန် မန္တလေးဖောင်တော်ဦး ပရ ဟိတ ဘုန်းတော်ကြီးသင်ပညာရေး တွဲ ဖက်အထက်တန်းကျောင်းမှ မေတ္တာရပ်ခံတောင်းပန်

“ဘာမှမမျှော်လင့်ပါနဲ့´´ ဇာတ်ကား ရိုက်ကူးရာတွင် ပါဝင်သူအားလုံး ပြန် လွှတ်ပေးပါရန် မန္တလေး ဖောင်တော် ဦး ပရဟိတဘုန်းတော်ကြီးသင်ပညာရေး တွဲဖက်အထက်တန်းကျောင်းမှ သြဂုတ် လ၁၅ရက်နေ့က မေတ္တာ ရပ်ခံတောင်း ပန်စာ နိုင်ငံတော်သံဃမဟာနာယက အ ဖွဲ့နဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သို့ လိပ်မူပြီးပေးပို့ခဲ့ကြောင်း သိရသည်။

မေတ္တာ ရပ်ခံတောင်းပန်စာတွင် ဇာတ် လမ်းကို ဇာတ်ညွှန်းနှင့်ဒါရိုက်တာ အ ဖြစ်ဆောင်ရွက်ခဲ့သူရှင်ရသေ့ဣသိဓမ္မသည် မန္တလေးဖောင်တော်ဦးဘုန်း တော်ကြီးသင်ပညာရေးကျောင်းတွင် Meditation Visa ဖြင့် လွန်ခဲ့သော ၂၀၀၆-ခုနှစ်ကတည်းက လာရောက် နေထိုင်တရား အားထုတ်နေသည့် ဆွစ် ဇာလန်နိုင်ငံသားတစ်ဦး ဖြစ်ပါသည်။ ၎င်းသည် ရသေ့မဖြစ်မီ ရဟန်းဘဝဖြင့် လည်း ဝိနည်းတော်နှင့်အညီ ကောင်း မွန်စွာနေထိုင်တရားအားထုတ်ခဲ့ပါသည်။ လူ့ဘဝက ကျွမ်းကျင်ခဲ့သော Video Editing ပညာကို အသုံးချ၍ ဓမ္မပညာ ပေးများ ဖြန့်ဝေရာတွင် ပိုမိုအဆင်ပြေမှု ရှိစေရန် ရသေ့ဘဝသို့ ပြောင်းလဲခဲ့ပါ သည်။

ထို့နောက် မြတ်ဗုဒ္ဓ၏အဆုံးအမများကို ကမ္ဘာက သိရှိစေရန်ဟူသော ရည်ရွယ် ချက်ဖြင့် ပညာပေးဇာတ်လမ်းများ ရိုက် ကူးတင်ဆက်ခဲ့ပါသည်။ သူ၏ပထမဆုံး ဓမ္မပညာပေးဇာတ်လမ်းမှာ သူကိုယ် တိုင် ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ဖြစ် ပေါ်လာပုံကို ရိုက်ကူးထားသော “လောကုတ္တရာ”ဟူ၍ ဖြစ်ပါသည်။ ထိုဇာတ်လမ်းထုတ်လုပ်ဖြန့်ချိပြီးနောက် “ကြီးမြတ်သောအမွေ”, “နိဝရဏ”, “ဓမ္မရဲ့ အရသာ” အစရှိသော ဓမ္မပညာပေး ဇာတ်လမ်းများကို ဆက်လက်ရိုက်ကူး ထုတ်လုပ်ခဲ့ပါသည်။ ၎င်းဇာတ်

လမ်းများကို သူ၏ Website ဖြစ်သော “Dhamma Picture” တွင် ကြည့်ရှုလေ့ လာနိုင်ပါသည်။

၃။ ယခု၎င်းထုတ်လုပ်ခဲ့သည့် “ဘာမှ မမျှော်လင့်ပါနဲ့” ဓမ္မပညာပေး ဇာတ် ကားရိုက်ကူးရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုကို စော်ကားလိုသည့် ရည် ရွယ်ချက်မရှိသော်လည်း ဇာတ်လမ်းပါ သမီးငယ်တစ်ဦး၏ ပြောဆိုချက်သည် ရသေ့၏မြန်မာစကားနားလည်မှုအကန့်အသတ်များကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုကို မမျှော်လင့်ဘဲ စော် ကားသလိုဖြစ်ခဲ့ပါသည်။

၄။ ရှင်ရသေ့ဣသိဓမ္မသည် နိုင်ငံရေး ကိစ္စများတွင် လုံးဝ (လုံးဝ) ပါဝင်ပတ် သက်ဆက်နွယ်မှုမရှိဘဲ ဘာသာရေး တွင်လည်း အမှန်တကယ် လေးနက်စွာ ယုံကြည်ကျင့်ကြံထားသော ပုဂ္ဂိုလ် ဖြစ်ပြီး ရဟန်းတော်များ ဆိုင်ရာဝိနည်းစာအုပ် များနှင့် အခြားဓမ္မပညာပေး စာအုပ်များ ကိုလည်း ဘာသာပြန်ဆိုရေးသားခဲ့သူ

တစ်ဦးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နောက် နောင် ဤသို့ မဖြစ်ရအောင် သတိပြု ဆင် ခြင် ဆောင်ရွက်နိုင်ရန် နိုင်ငံတော် သံဃ မဟာနာယကဆရာတော်ကြီးများက ရှင် ရသေ့ဣသိဓမ္မနှင့် သရုပ်ဆောင်သူ အားလုံး တို့ကို နိုင်ငံတော်သံဃမဟာနာ ယကရုံးတော်သို့ ခေါ်ယူ၍ ဝန်ခံကတိ ပြုလက်မှတ်ရေးထိုးစေပြီး ဩဝါဒပေး ရုံမျှသာ ဆောင်ရွက်တော်မူကြပါရန် မေတ္တာရပ်ခံလျှောက်ထားပါသည်ဘု ရား။

၅။ နိုင်ငံတော်အကြီးအကဲများကိုယ်စား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးကလည်း ထို့အတူ ဆောင်ရွက်နိုင် ပါရန်မေတ္တာရပ်ခံပန်ကြားအပ်ပါ သည်။

၆။ နိုင်ငံတော်သံဃမဟာနာယကဆရာ တော်ကြီးများနှင့် နိုင်ငံတော်အကြီး အ ကဲများက ရှင်ရသေ့ ဣသိဓမ္မအား ဆက် လက်၍ နိုင်ငံအတွင်း သာသနာပြုတရား အားထုတ်နိုင်ရေးအတွက် ခွင့်ပြုပေး တော်မူကြပါရန် တပည့်တော်နာယက အနေဖြင့် လေးလေးနက်နက် မေတ္တာ ရပ်ခံ/လျှောက်ထား ပန်ကြားအပ်ပ သည်ဘုရား ဟုဖော်ပြပါရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *