
နယူးဂျာစီ၊ ဇူလိုင် ၁၄
အမေရိကန်အဆိုတော် ဘရုစ် စပရင်းစတင်းနဲ့ သူရဲ့ပင်တိုင် တီးဝိုင်း E Street အဖွဲ့တို့ ဖျော်ဖြေမယ့် ၂၀၂၃ မြောက်အမေရိက ပွဲစဥ်တွေကို ဒီနေ့ စတင် ကြောငြာလိုက်ပြီဖြစ်ပါတယ်။
သူတို့အဖွဲ့အနေနဲ့ ၂၀၁၇ခုနှစ်က ဖျော်ဖြေခဲ့တဲ့ နယူးဇီလန်နိုင်ငံ အော့ကလန်မြို့ ဖျော်ဖြေပွဲ အပြီး ဘယ်ကိုမှ ခြေဦးမလှည့် ဖြစ်တာ ငါးနှစ်နီးပါး ကြာခဲ့ပြီလို့ ဆိုပါတယ်။ ဒါပေမယ့် မကြာသေးခင်က သူတို့ရဲ့ ဂီတခရီးစဥ် အသစ်တစ်ခု ရှိသေးတယ်ဆိုပြီး ပြောခဲ့ ပေမယ့် ဘယ်နိုင်ငံ ဘယ်နေရာ ဆိုတာကိုတော့ တိတိကျကျ မပြောခဲ့ပါဘူး။
အခု သူတို့ရဲ့ ပထမဆုံး ဖျော်ဖြေမယ့် နေရာက အမေရိကန်နိုင်ငံ ဖရော်ရီဒါ ပြည်နယ်က တန်ပါမြို့မှာ ဖြစ်ပြီး ကျင်းပမယ့် ရက်ကတော့ ဖေဖေါ်ဝါရီ ၁ရက်နေ့ပါ။ ဖျော်ဖြေရေးခရီးစဥ် အဆုံးသတ်မှာကတော ၂၀၂၃ ဧပရယ် ၁၄ရက်နေ့ ဖြစ်ပြီး ကျင်းပမယ့်နေရာကတော့ ဘရု့စ် စပရင်းစတင်းရဲ့ မွေးရပ်ဇာတိမြေ ဖြစ်တဲ့ နယူးဂျာစီ က နိဝပ်ခ်မြို့မှာ ရှိတဲ့ Prudential Center မှာ ဖြစ်ပါတယ်။
E Street နဲ့ ဘရု့စ် တို့ မြောက်အမေရိကမှာနောက်ဆုံး ဖျော်ဖြေခဲ့တဲ့ ခရီစဥ်က ၂၀၁၆-၂၀၁၇ မှာ ဖြစ်ပြီး ဖျော်ဖြေရေးခရီး စဥ်နာမည်ကတော့ “ The River” ဖြစ်ပြီး ဒီပွဲကျင်းပတဲ့ နှစ်က သူတို့အဖွဲ့ရဲ့ ၃၅နှစ်မြောက်နှစ်ပတ်လည်လည်း ဖြစ်ပါတယ်။
တကယ်တမ်းတော့ သူတို့အဖွဲ့ရဲ့ နောက်ဆုံးဖျော်ဖြေမယ့်ပွဲက ၂၀၂၀ က ဖြစ်ပြီး “Saturday Night Live” လို့နာမည်တပ်ထားတဲ့ ပွဲပါ။ ဒါပေမယ့် ကိုဗစ်-၁၉ ကြောင့် ပွဲစဥ်ကို အကန့်အသတ်မရှိ ရွှေ့ခဲ့ ကြတာ ဖြစ်ပါတယ်။
အခုလာမယ့် မြောက်အမေရိက ခရီးစဥ်မှာတော့ ဘရု့စ်ရဲ့ ကျော်ကြားခဲ့တဲ့ သီချင်းဟောင်းတွေ အပြင် သီချင်းအသစ်တွေနဲ့ပါ ဖျော်ဖြေမယ့် အကြောင်း သိရပါတယ်။
Ref: CNN
photo credit: Getty Images