
Photo Credit: Eraldo Peres/AP
ပရာကာ ဒိုးသရေ့ ပိုဒေး ရေ့စ်(ဘရာဇီး)၊ ဇန်နဝါရီ ၉
ဘရာဇီးသမ္မတဟောင်းဂျေး ဘိုဆိုနာရို ကို ထောက်ခံသူတွေက အစိုးရပိုင် အရေးကြီး အဆောက်အအုံတွေကို ဝင်စီးနင်းတာတွေ ဖြစ်ပွားပြီးတဲ့နောက် မြိုတော်ကိုပါ မငြိမ်မသက်ဖြစ်စေခဲ့ပါတယ်။ ဇန်နဝါရီ ၈ရက် အရောက် မှာ တော့ ဘရာဇီးရဲတပ်ဖွဲ့က ကွန်ဂရက်၊ သမ္မတနန်းတော်နဲ့ တရားရုံးချုပ် စတဲ့ နေရာတွေကို ပြန်လည်ထိန်း ချုပ် နိုင်ခဲ့ ပြီဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကိုတော့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ငြင်းဆိုလိုက်ပါတယ်။
ဘရာဇီးနိုင်ငံမှာ တစ်ဖက်နဲ့တစ်ဖက် ခါးခါးသီးသီး ကွဲလွဲခဲ့တဲ့ အောက်တိုဘာ ရွေးကောက်ပွဲအပြီး မဲကပ်နိုင်ခဲ့ပြီး သမ္မတ ပြန်ဖြစ်လာတဲ့ လက်ဝဲဝါရင့် သမ္မတ လု့အိစ် အီနာစီယို လူလာ ဒါ ဆေးလ်းဗား ကို မထောက်ခံ နိုင် တဲ့ ဆန်ကျင်သူတွေက အခုလို ပြင်းပြင်းထန်ထန် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ရွေးကောက်ပွဲကိုလည်း မသမာတဲ့ ရွေးကောက်ပွဲလို့ ဆိုပါတယ်။ အဲဒိ ဆန္ဒပြလူအုပ်ကြီးကိုတော့ သမ္မတ ဆေးလ်းဗားက ဖက်ဆစ်ဆန်တဲ့ တိုက်ခိုက် သူ တွေလို့ နာမည်တပ် လိုက်ပါတယ်။
လက်ယာစွန်း သမ္မတဟောင်း ဘိုဆိုနာရိုက “အများပြည်သူပိုင်အဆောက်အအုံတွေကို တိုက်ခိုက်တာ လုယက်တာ နဲ့ ကျူးကျော်ဝင်ရောက်တာ” စတာတွေကို တွစ်တာကနေ ရှုတ်ချခဲ့ပါတယ်။ ဒါပေမယ့် “Tropical Trump” အပူပိုင်:ဒေသက ထရမ့် လို့ နာမည်ပေးထားခံရတဲ့ ဘိုဆိုနာရိုက သမ္မတ ဆေးလ်ဗား ပြောဆိုချက်တွေ ကို ငြင်းဆိုခဲ့သလို တိုက်ခိုက်မှုတွေကို လှုံ့ဆော်ခဲ့ပြီး “ငြိမ်းချမ်းသော ဆန္ဒပြပွဲများ” ရဲ့ လုပ်ပိုင်ခွင့် ဆိုပြီး ကာကွယ် ရပ်တည် ပေးခဲ့ပါတယ်။
သမ္မတဆေးလ်းဗားကတော့ဖက်ဒရယ်ဝင်ရောက်စွက်ဖက်မှုလို့ ကြေငြာပြီးမြို့တော်မှာ တရားဥပဒေစိုးမိုးရေး ကိုပြန်လည်ထူ ထောင်ဖို့ ဆိုပြီး သူ့ရဲ့အစိုးရနဲ့ ဒေသခံရဲတပ်ဖွဲတွေကို ကိုအထူးအာဏာပေးအပ်ထားပါတယ်။
“ဒီဖက်ဆစ်ဝါဒီတွေဟာ ဒီနိုင်ငံရဲ့သမိုင်းမှာ တစ်ခါမှမမြင်ဖူးတဲ့အရာတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်” လို့ ပြီးခဲ့တဲ့ တစ်ပတ်ကမှ တာဝန်ယူခဲ့တဲ့ အသက် ၇၇ နှစ်အရွယ် ဝါရင့်လက်ဝဲဝါဒီတစ်ဦးက မှတ်ချက်ပေးပါတယ်။ ဆက်ပြီး “အဲဒီ ဖောက်ထွင်းမှုတွေက ဘယ်သူတွေလဲဆိုတာ ကျနော်တို့ ရှာဖွေဖော်ထုတ်ပြီး တရားဥပဒေ စိုးမိုးမှု အပြည့်နဲ့ ဖြိုခွင်းမယ်”လို့ လည်းဆိုပါတယ်။
လက်ရှိထုတ်ပြန်ချက်တွအရ ရဲတပ်ဖွဲ့က ဖမ်းဆီးမှု ၁၇၀ ရှိတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
အလားတူပဲ တီဗီဓာတ်ပုံတွေမှာ ရဲတပ်ဖွဲ့ဝင်တွေက ဘိုဆိုနာရိုထောက်ခံသူတွေကို သမ္မတနန်းတော် အဆောက် အအုံကနေ ချဉ်းကပ်လမ်းတစ်ခုထဲ ဆင်းသွားဖို့ အင်အားသုံးတွန်းပို့နေတဲ့ ပုံတွေကို ပြသထားပါတယ်။ လွတ်တော် လုံခြုံရေးတွေကတော့ အခန်းထဲမှာ လူ ၃၀ ကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
ဆိုရှယ်မီဒီယာတွေမှာတော့ ဆူပူသူတွေက ကွန်ဂရက် အဆောက်အအုံထဲဝင်ဖို့ တံခါးတွေနဲ့ ပြတင်းပေါက် တွေကို ချိုးဖျက် ဝင်ရောက်ပြီးတဲ့နောက် လွှတ်တော်အမတ်တွေရဲ့ ရုံးခန်းတွေထဲကနေ စပီကာသုံးပြီး တာဝန် ပျက်ကွက်တဲ့ လွှတ်တော်အမတ် တွေကို အော်ဟစ်ဆဲဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတစ်ယောက် ဖြစ်တဲ့ ဆာယာ လီမာ က “မသမာတဲ့ ရွေးကောက်ပွဲ” ကို ပြန်လည်သုံးသပ်ဖို့ တောင်းဆို ထားတယ်လို့ AFP ကို ပြောပါတယ်။
သမ္မတ ဆေးလ်ဗား တစ်ယောက် အောက်တိုဘာရွေးကောက်ပွဲမှာ တစ်ဖက်ပြိုင်ဘက်ကို မဲ ၅၀ဒသမ ၉ရာခိုင်နူန်း နဲ့ အနိုင်ရချိန်မှာ တစ်ဖက်က ၄၉ ဒသမ ၁ ရာခိုင်နူန်း မဲ ရထားတာဖြစ်လို့ အဲ့ဒီလိုကျဉ်းမြောင်းလွန်းတဲ့ မဲရလဒ်က အခု ပြဿနာကြီးကို အစပြုစေခဲ့တာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ကို ထွက်ခွာသွားတဲ့ ဘော်ဆိုနာရိုက ဘရာဇီးလ် တရားရုံးတွေနဲ့ ရွေးကောက်ပွဲ အာဏာပိုင်တွေရဲ့ ပူးပေါင်းကြံစည်မှု လို့လည်း စွပ်စွဲ ပစ်တင်လိုက်ပါတယ်။
လက်ရှိမှာတော့ ဘရာဇီး လုံခြုံရေး အကြီးအကဲကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး အခြေအနေက ဆက်ပြီး မငြိမ်မသက် ဖြစ်နေတာမို့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဆန္ဒပြသမားတွေကို လုံလောက်တဲ့ ထိန်းချုပ်မှုတွေ မလုပ်နိုင်သေးတဲ့ အကြောင်း နိုင်ငံတကာ သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။
Ref: cna