ဘရက် ပစ်နဲ့အဆိုတော် လူကယ်လီ တို့ လျှိုဝှက်ချိန်းတွေ့တယ်လို့ သတင်းတွေထွက်ပေါ်

အသက် ၅၈နှစ်အရွယ်ရှိနေပြီးဖြစ်တဲ့ မင်းသားချော ဘရက် ပစ်နဲ ့ အသက်၃၅နှစ်အရွယ် ဆွီဒင်အဆိုတော် လူကယ်လီ တို့ နှစ်ဦး ချစ်ကြီုက်နေကြပြီး အပြင်မှာလည်း တိုးတိုးတိတ်တိတ် ချိန်းတွေ့နေကြတယ်လို့ ကောလဟာဟလ တွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

ဒီသတင်းက လူကယ်လီရဲ့ ဇာတိ ဆွီဒင်နိုင်ငံမိဒီယာတွေမှာ စပြီးပေါ်ထွက်လာတာဖြစ်ပြီး နောက်မှ ဟောလိဝုဒ်ကို သတင်းပြန့်လာခဲ့တာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့နှစ်ဦး က ဟောလိဝုဒ်မှာရှိတဲ့ “ Mother Wolf” ဆိုတဲ့ စားသောက်ဆိုင်မှာ အတူတူစားသောက်ခဲ့ကြပါသေးတယ်။ အဲဒီဆိုင်ကလည်း ဟောလိဝုဒ်အသိုင်းအဝိုင်းမှာ နာမည်ကြီးတဲ့ဆိုင်တစ်ဆိုင်ဆိုတော့ သူတိုအတွက် ခုလိုထွက်လာတဲ့ ကောလာဟလ က အလွန်မရှိဘူး လို့ ပြောလို ့ရနေပြန်ပါတယ်။

ကမ္ဘာကျော်ရုပ်ရှင်မင်းသား၊ရုပ်ရှင်ထုတ်လုပ်သူ ဘရက် ပစ်ဟာ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၅ အထိ မင်းသမီး ဂျနီဖာ အက်နီစတန်နဲ့ လက်ထပ်ပေါင်းသင်းခဲ့ပြီး  ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ အထိ မင်းသမီး အိန်ဂျလီနာ ဂျီလီနဲ့ဒုတိယအိမ်ထောင်ထူထောင်ခဲ့ပြီး မွေးစားကလေးရော၊သားသမီးအရင်ပါ စုစုပေါင်းကလေး ခြောက်ယောက်ဖခင်ပါ။ အော်လတာနေးတစ်ဖ်အဆိုတော် လူကယ်လီကတော့ အိမ်ထောင်တစ်ဆက်ရှိခဲ့ဖူးပြီး ဒီယွန်ဆိုတဲ့ ခြောက်နှစ်အရွယ်သားလေး တစ်ယောက် ရှိထားပါတယ်။

ပစ်နဲ ့ကယ်လီတို့ရဲ့ ဇာတ်လမ်းကတော့ ဘာတွေဆက်ဖြစ်လာမလည်း။ ဘယ်လို အသံတွေ ထွက်လာဦးမလည်း စောင့်ကြည်နေကြပြီ လို့ ဆိုရမှာဖြစ်ပါတယ်။

Ref: Hollywood Life

Leave a Reply

Your email address will not be published. Required fields are marked *