ဘယ်သူ့အပေါ်ကိုမှ အာဏာအလွဲသုံးစားလုပ်ပြီး အနိုင်ကျင့် မှာ မဟုတ်ဘူးလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ ပြောဆို

ကွာလာလမ်ပူ၊ ဇူလိုင် ၁၉

အတိုက်အခံပါတီဝင်တွေ အပါအဝင် ဘယ်သူ့ကိုမှ ဖိနှိပ်ဖို့  ဝန်ကြီးချုပ်တစ်ယောက်ရဲ့ အာဏာကို အလွဲသုံးစားလုပ်မှာ မဟုတ်ဘူးလို့  မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဇူလိုင် ၁၉ ရက်က ပြောဆိုလိုက်ပါတယ်။

မစ္စတာ အန်ဝါက  ထောင်တွင်းဘဝ ဆိုတာက သနားစရာကောင်းတဲ့အကြောင်း သိသူမို့ ကို ဝန်ကြီးချုပ် အာဏာကို ထင် သလို အသုံးချမဟုတ်ဘူးလို့ ပြောဆိုခဲ့တာပါ။

” မလေးရှားအစ္စလာမ်မစ်ပါတီ PAS (Parti Islam Se-Malaysia) က သူတွေကိုပဲဖြစ်ဖြစ် ဘရိမူတိ ဘာဆတူ မလေးရှား ပါတီ Bersatu (Parti Pribumi Bersatu Malaysia) က သူတွေကိုပဲဖြစ်ဖြစ် ထောင်ထဲမှာ ချုပ်နှောင်ခံရတာ ဘယ်လောက် တောင် ဆိုးရွားပြီးသနားစရာကောင်းလဲဆိုတာ ကျနော်သိလို့ သူတို့ကို ကျနော် ဒီလို ဖြစ်အောင်မလုပ်ပါဘူး” လို့ ဆီလန်ဂေါ က တန်ဂျန်ကလန်မှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ အန်ဝါ က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်တုန်းက မစ္စတာ အန်ဝါဟာ  အကျင့်ပျက်ခြစားမှုနဲ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ရဖူးသူဖြစ်ပါတယ်။ ဒိနောက် လည်း၂၀၀၀ ခုနှစ်မှာ လိင်တူဆက်ဆံတယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ် ကိုးနှစ် ထပ်မံချမှတ်ခံခဲ့ရပါသေးတယ်။ ၂၀၀၄ ခုနှစ် အရောက်မှာတော့ မလေးရှား တရားရုံးချုပ်က လိင်တူဆက်ဆံမှု ပြစ်ဒဏ်ကို ဖျက်သိမ်းပေးခဲ့လို့ ၂၀၀၄ ပြန်ပြီး လွတ်လာခဲ့ တာ ဖြစ်ပါတယ်။

၂၀၁၅ခုနှစ်ကို အရောက်မှာလည်း ဒုတိယမြောက် လိင်တူဆက်ဆံမှုနဲ့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရပြန်ပါတယ်။နောက် တော့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကို ရခဲပြီး ၂၀၁၈ ခုနှစ်မှာ ပြန်ပြီးလွတ်မြောက်လာခဲ့ပြန်ပါတယ်။

မစ္စတာ အန်ဝါက သူ့အပေါ် ဝေဖန်သူတွေကို ထောင်ထဲထည့်ပစ်မယ်လို့ ဗုဒ္ဓဟူးနေ့ ဇူလိုင် ၁၉ရက်နေ့က ပြောခဲ့ပါတယ်။ဒါပေမယ့် မလေးရှားနိုင်ငံရဲ့ တရားဥပဒေကို မဖေါက်ဖျက်ဘူးလို့ မလေးရှားမီဒီယာFree Malaysia Today (FMT) ကို ပြောပါတယ်။

သူကပဲ ထပ်ပြောဆိုရာမှာတော့ သူ့ကို ဝေဖန်သူတွေအပေါ် ဆူပူအုံကြွမှုအက်ဥပဒေကို သုံးပြီးနှိပ်ကွပ်မှာ မဟုတ်ဘဲ တရား စွဲတာမျိုး ဒါမှမဟုတ်  ရဲတပ်ဖွဲ့ကို တိုင်ကြားတာမျိုးတွေပဲ လုပ်ဖြစ်မှာပါဆိုတဲ့ စကားတွေကိုပဲ အလေးပေး ပြောဆိုသွား တယ်လို့ သိရပါတယ်။

Ref: CNA

Feature Image Credit: Sadiq Asyraf/Getty Images

Leave a Reply

Your email address will not be published. Required fields are marked *