ဘန်ကောက်မှာ အပိုင်းပိုင်းခုတ်ပြီးအသတ်ခံထားရတဲ့ မြန် မာနိုင်ငံသားတစ်ဦး ရုပ်အလောင်းတွေ့ရှိ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ Bang Khun Thian ခရိုင်၊ Sam ae Dam ခရိုင်ခွဲ၊ Soi Sakae Ngam 35/3 က တိုက်ခန်းတစ်ခုအတွင်းမှာ ဇန်နဝါရီလ၂၁ရက်က ဓါးနဲ့အပိုင်းပိုင်းခုတ်ပြီး အသတ်ခံထားရတဲ့ မြန်မာနိုင်ငံသားတစ်ဦး ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအသိုင်းအဝိုင်းက သိရပါတယ်။

လူသတ်မှုဖြစ်ပွားရာနေရာမှာ ခန္ဓာကိုယ်အပိုင်း၆ပိုင်း၊လျှပ်စစ်လွှတစ်လက်၊ဓါးနှစ်ချောင်း၊ရေခဲသေတ္တာတစ် လုံးတို့ကို တွေ့ရှိခဲ့ရတဲ့အပြင် ရေချိုးခန်းနံရံနဲ့ကြမ်းပြင်တွေမှာလည်း သွေးများ စွန်းထင်းနေတာကို ထိုင်းရဲ တပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ခန္ဓာကိုယ်အပိုင်းပိုင်းခုတ်သတ်ခံထားရသူမှာ စိုင်းကြည်ဆိုသူဖြစ်ပြီး အသတ်ခံခဲ့ရသူနဲ့အတူရှိနေခဲ့တဲ့ အိန္ဒိယနိုင်ငံသားSundaravel Pragadeesh Kumar ကို လူ သတ်မှုနဲ့ပတ် သက်ပြီး သံသယရှိနေတယ်လို့ သိရပါတယ်။

လူသတ်မှုသံသယရှိနေတဲ့ Kumarဟာ ဇန်နဝါရီလ ၂၀ ရက်က ထိုင်းနိုင်ငံကနေ အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့ကို ထွက်ခွာသွားပြီလို့လည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *