ဘန်ကောက်တွင် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည့် မမိုးမြင့် ကို မီးင်္သဂြိုလ်ပြီး

ဘန်ကောက်တွင် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည့် မမိုးမြင့် ၏ ရုပ်အလောင်းကို ယနေ့ အောက်တိုဘာလ ၈ ရက်တွင် Wat Phasuk Maneechak ၌ မီးင်္သဂြိုလ် ခဲ့သည်။

၂၀၂၃ အောက်တိုဘာလ ၃ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ Siam Paragon Shopping Mall ၌ ဖြစ်ပွား ခဲ့သော ပစ်ခတ်မှုဖြစ်စဉ်တွင် အသက် (၃၁-နှစ်) အရွယ် မမိုးမြင့် မှာ ကျည်ထိမှန်သေဆုံးခဲ့ခြင်း ဖြစ်သည်။

နာရေးတွင် သေနတ်သမား၏ဖခင်ဖြစ်သူက မမိုးမြင့် မိခင်ကို ဒူးထောက်တောင်းပန်ခဲ့ပြီး ယင်းတောင်းပန်မှုအပေါ် မမိုးမြင့်အမေက အပြစ်မယူနားလည်ပေးစကားလည်းဆိုခဲ့သည်။

ဈာပန အခမ်းအနားသို့ ထိုင်းနိုင်ငံတရားရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Tawee Sodsong နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတာဝန်ရှိသူများ ၊Take Toys Co., Ltd မှ တာဝန်ရှိသူများ၊ ပအို့(ဝ်) တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ မိတ်ဆွေသူငယ်ချင်းများ၊ သတင်းမီဒီယာများ၊ မမိုးမြင့်၏ မိသား စုဝင်များနှင့်ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားအချို့တို့ တက်ရောက်ခဲ့ ကြောင်းသိရသည်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *