ဘန်ကောက်က ဟိုတယ်အခန်းတစ်ခုမှာ သေဆုံးနေတဲ့ ဧည့်သည်ခြောက်ယောက် ကိုတွေ့ရ

အဆိပ်သင့်တယ်လို့ ကနဦး ယူဆထား

ဘန်ကောက်၊ဇူလိုင် ၁၆

ဘန်ကောက်မြို့က Grand Hyatt Erawan အဆင့်မြင့်ဟိုတယ်ရဲ့  ပဉ္စမထပ်ကို  အခန်းသန့်ရှင်းရေးလုပ်ဖို့ လာတဲ့ ဝန်ထမ်းက အခန်တစ်ခန်းထဲမှာ သေဆုံးနေတဲ့ လူခြောက်ယောက်ကို ဇူလိုင် ၁၆ရက် အင်္ဂါနေ့က တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲက ပြောပါတယ်။

အခုလို နိုင်ငံခြားသားခြောက်ဦးသေဆုံးတဲ့ အဖြစ်မှန်ကို  ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး ကနဦး တွေ့ရှိထားတဲ့ အနေအထားအရ  အဆိပ်သင့်ခဲ့တာလို့ အာဏာပိုင်တွေက သံသယရှိနေတဲ့အကြောင်း သိရပါတယ်။

သေဆုံးနေတဲ့ အမေရိကန် နိုင်ငံကူးလက်မှတ် ကိုင်ထားတဲ့ ဗီယက်နမ်နွယ်ဖွား ခြောက်ယောက်စလုံးဟာ ဘန်ကောက်မြို့ Grand Hyatt Erawan ဟိုတယ်ကို ဇူလိုင်၁၃ စနေနေ့နေနဲ့ ဇူလိုင် ၁၄ တနင်္ဂနွေနေ့တွေမှာ သီးခြားစီရောက်လာခဲ့တာလို့ ရဲတပ်ဖွဲဆီက သိရပါတဘ်။

သေဆုံးသူတွေကအမျိုးသား သုံးယောက်နဲ့ အမျိုးသမီးသုံးယောက် တို့ ဖြစ်ပြီး အခန်းတစ်ခန်းထဲမှာ တစ်စုတစ်ဝေသေဆုံးနေတာ ဖြစ်ပါတယ်။ စစ်ဆေးချက်တွေအရ ခိုက်ရန်ဖြစ်တဲ့ လက္ခဏာမျိုး၊ ဒဏ်ရာမျိုးလည်း မတွေ့ရဘူးလို့ သိရပါတယ်။

ထပ်မံ စစ်ဆေးတွေ့ရှာချက်ကတော့ သူတိုအားလုံက မသေဆုံးခင် ဓါတုပစ္စည်းတစ်ချိုု့ကို  မျိုချခဲ့တယ် ရဲတပ်ဖွဲကပြောပါတယ်။ အမျိုးအစားကိုတော့ ထည့်ပြောတာမျိုးမရှိပါဘူး။

ရဲတပ်ဖွဲ့ဝင်တွေက ဒေသစံတော်ချိန် ညနေ ၅:၃၀ နာရီဝန်းကျင်မှာ ဟိုတယ်ဝန်ထမ်းတွေက ဖုန်းခေါ်ခဲ့တဲ့နောက် ကိရတာလို့ ဆိုပါတယ်။ သေမှုသေခင်းကိုတော့ ဆက်စုံစမ်းနေတုန်းလို့ သိရပါတယ်။

Ref: cna

ပုံစာ။ အခင်းဖြစ်ဟိုတယ်ကို တွေ့ရပုံ

Feature Image Credit: Mothership.SG

Visited 88 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *