မြန်မာနိုင်ငံမှာ နေထိုင်တဲ့ အများပြည်သူ အကျိုးစီးပွားပျက်စေဖို့အတွက် မသမာသူ လူတစ်စုက လူမှုကွန်ယက်စာမျက်နှာကနေ ဘဏ်များမှာ အပ်ငွေစာရင်းကို ငွေသားထုတ်ယူမှု ကန့်သတ်နေတယ်ဆိုတာနဲ့ တချို့ပုဂ္ဂလိကဘဏ်တွေမှာ ဝန်ထမ်းတွေကို ကြိုတင်လစာထုတ်ပေးနေတယ်ဆိုတဲ့ သ တင်းအမှားတွေကို ဖြန့်ဝေနေတယ်လို့ နိုဝင်ဘာလ၁၆ရက်နေ့က ဗဟိုဘဏ်က သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ”ဘဏ်များရှိ အပ်ငွေစာရင်းများမှငွေသားထုတ်ယူခြင်းများကို ကန့် သတ်ချက်မရှိထုတ်ယူနိုင်ပြီး ဘဏ်များ၏ ဘဏ်ခွဲအ သီးသီးတွင် Core Banking System စနစ်အရ အ များပြည်သူ အပ်နှံငွေစာရင်းအချက်အလက်များကို အဆင်ပြေချောမွေ့စွာသိရှိနိုင်သဖြင့် နိုင်ငံတစ်ဝန်းရှိမည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူနိုင်သည့်အ ပြင် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်းဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ၊ ပေးချေမှုများကို လွယ်ကူစွာဆောင်ရွက် နိုင်ပြီးဘဏ်များတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆောင် ရွက်လျက်ရှိပြီး ဘဏ်များ၏ Customer များကလည်း ပုံမှန်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဘဏ်များထံမှရယူဆောင်ရွက်လျက်ရှိကြောင်း “လို့ ဖော်ပြထားပါတယ်။
ဗဟိုဘဏ်အနေနဲ့ အများပြည်သူရဲ့အကျိုးစီးပွါးကို ထိခိုက်ပျက်စီးစေဖို့ သတင်းမှားများဖြန့်ဝေသူများကို ဥပဒေပြ ဌာန်း ချက်များနှင့်အညီ ဖော်ထုတ်အရေးယူပြီး ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်များချမှတ်နိုင်ဖို့အ တွက်တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။