ဒါကာ၊ ဩဂုတ် ၁၃
ပြည်တွင်းမငြိမ်မသက်မှုတွေထဲမှာ အပစ်မဲ့ လူတစ်ယောက် သေဆုံးရမှုနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ဟောင်း ရှိတ် ဟာစီနာကို လူသတ်မှု စုံစမ်းစစ်ဆေးမှုတစ်ရပ် ဩဂုတ် ၁၃ရက်က လုပ်ခဲ့တယ်လို့ သိရပါတယ်။
မြို့တော်ဒါကာမှာ ရက်သတ္တပတ်အတော်ကြာ ဖြစ်ခဲ့တဲ့ မငြိမ်မသက်မှုတွေ အပြီး အရင်အစိုးရ ထိပ်တန်း ပုဂ္ဂိုလ်ခြောက်ယောက်ကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
မစ္စ ဟာဆီနာဟာ အခုလ အစောပိုင်းမှာ ရာထူးက နုတ်ထွက်ခဲ့ပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံနေတာလည်း ဖြစ်ပါတယ်။
မစ္စ ဟာဆီနာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အပြီး သီတင်း ပတ်တွေထဲမှာ လူ ၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။ သူတို့ထဲက တော်တော်များများကို ရဲတွေက ဟာစီ့နာ့ အမိန့်အတိုင်း ပစ်သတ်ခဲ့ပါတယ်။
ပုဂ္ဂလိကနိုင်ငံသားတစ်ဦးရဲ့ ကိုယ်စား ၀ န်ကြီးချုပ်ဟောင်းကိုတရားစွဲဆိုခဲ့တဲ့ ရှေ့နေ မာမွမ် မီယာ က ဒါကာတရားရုံးဟာ “စွပ်စွဲခံရသူတွေအပေါ်လူသတ်မှု” ကိုလက်ခံဖို့ ရဲတွေကိုအမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ ဘင်္ဂလားဒေ့ရှ် ဥပဒေအရ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုရဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။
ကုန်စုံဆိုင်ဖွင့်ထားတဲ့ အာဘူ ဆာအီဟာ ဇူလိုင်လထဲမှာ လမ်းဖြတ်ကူးနေတုန်း ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ ဒီအမှုကိုတော့ လက်ရှိမှာ လူသတ်မှုနဲ့အမှုဖွင်စစ်ဆေးနေပြီလို့ သိရပါတယ်။
Ref: BBC
ပုံစာ။ ဝန်ကြီးချုပ်ဟောင်း ရှိတ် ဟာစီနာ
Feature Image Credit: Getty Images



