ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ကို ဖြုတ်ချရာမှာ သူတို့ ပယောဂ မပါဘူးလို့  အမေရိကန်က ပြော

ဝါရှင်တန်၊ ဩဂုတ် ၁၃

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာ  ကို ဖြုတ်ချရာမှာ အမေရိကန်က ပါဝင်ပတ်သက်မှု မရှိဘူးလို့ အိမ်ဖြူတော်က တနင်္လာနေ့ (သြဂုတ်လ ၁၂ ရက်) မှာ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

 အသက် ၇၆ နှစ်အရွယ် ဟာဆီနာဟာ သူ့ရဲ့ အစိုးရကို ဆန့်ကျင်တဲ့ကျောင်းသားတွေဦးဆောင်တဲ့ လူထုအုံကြွမှုအပြီး သြဂုတ် ၅ ရက်မှာ  ၀န်ကြီးချုပ်ရာထူးက နုတ်ထွက်ပြီး ကာလကြာရှည်မဟာမိတ် အိန္ဒိယနိုင်ငံကို ရဟတ်ယာဉ်နဲ့ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အပေါ်  စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ ပါဝင်ပတ်သက်မှု လုံးဝမရှိပါဘူး”လို့ အိမ်ဖြူတော်သတင်းထောက် ကာရင်း ဂျင်း ပီရေးက ပြောပါတယ်။

“အမေရိကန်အစိုးရအနေနဲ့ ဒီဖြစ်ရပ်တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ သတင်းတွေ ဒါမှမဟုတ် ကောလဟာလတွေဟာ ရိုးရှင်းပါတယ်” ဆိုပြီလည်း  သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပီရေးကပဲ  “ဒါက ဘင်္ဂလားဒေ့ရှ် ပြည်သူတွေရဲ့  ရွေးချယ်မှုတစ်ခုပါ။ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အနာဂတ်ကို ဆုံးဖြတ်သင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဆိုတဲ့ အကြောင်းလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: AFP

ပုံစာ။ ဆန္ဒပြ လူအုပ်ကြီးနဲ့ မီဒီယာတွေကို တွေ့ရပုံ

Feature Image credit: Scroll.in

Visited 40 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *