ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အဆောက်အဦ မီးလောင် အနည်းဆုံး ၄၃ ဦး သေဆုံး

ဒါကာ၊ မတ် ၁

ဘင်္ဂလားဒေ့ရှ် နိုင်ငံမြို့တော် ဒါကာ မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကနေ စပြီး လောင်ခဲ့တဲ့ မီးဟာ အခြားအထပ်တွေကိုပါ ကူးသွားခဲ့ ရာက အနည်းဆုံး ၄၃ယောက် သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီ ဒဏ်ရာတွေ ရခဲ့တယ်လို့  ကျန်းမာရေးအာဏာပိုင် တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက်နှောင်းပိုင်းက  ဒါကာမြို့ ဘေလီလမ်းမှာရှိတဲ့  နာမည်ကြီး biryani စားသောက်ဆိုင်ကနေ မီးစလောင်ခဲ့ပြီး အခြားအထပ်တွေကို ချက်ခြင်းဆိုသလို ကူးသွားခဲ့တာလို့ မီးသတ်ဌာန တာဝန်ရှိသူတွေက မီဒီယာတွေကို ပြောပါတယ်။

အနည်းဆုံး လူ ၄၃ယောက် သေဆုံးပြီး ၂၂ ယောက်က  မီးလောင်ဒဏ်ရာတွေရခဲ့လို့  ဆေးရုံတွေမှာ ကုသမှုခံယူနေရတယ်လို့ ကျန်းမာရေးဝန်ကြီး ဆမန်သာ လာ ဆန်  က လူနာတွေရှိတဲ့ ဒါကာဆေးကောလိပ် ဆေးရုံကို သွားရောက်အားပေးအပြီး မတ်လ ၁ရက် သောကြာနေ့အစောပိုင်းမှာ သတင်းထောက်တွေကို ပြောဆို ခဲ့ပါတယ်။

“ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရထားတဲ့ လူ ၂၂ ယောက်စလုံးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်” လို့လည်း ဝန်ကြီးက ပြောပါတယ်။

မီးသတ်တပ်ဖွဲ့ ၁၃ ဖွဲ့က နှစ်နာရီကြာ ငြှိမ်းသတ်ခဲ့ရပြီး နောက် မီးလောင်မှု ဖြစ်ရတဲ့ အကြောင်းရင်းကို ခုထိမသိရသေးဘူးလို့လည်း ပြောပါတယ်။

အသက်ရှင်ကျန်ရစ်သူ မိုဟာမက် အာတက်ဖ်က ကျိုးပဲ့နေတဲ့  ပြတင်းပေါက်တစ်ခုကနေ ခက်ခက်ခဲခဲ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အကြောင်း သတင်းထောက်တွေကို ပြောပြပါတယ်။ သူ့အဖော်နှစ်ယောက်ကတော့ လွတ်အောင်မပြေးနိုင်ဘဲ သေဆုံးခဲ့ကြရတယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

Ref:Reutres

ပုံစာမီးလောင်တဲ့ အဆောက်အဦထဲကနေ လူတွေကို ကယ်ထုတ်နေပုံ

 Feature Image credit: Reuters

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *