ဒါကာ၊ စက်တင်ဘာ ၁၅
ဘင်္ဂလားဒေ့ရှ် တရားရုံးတစ်ရုံးက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နှစ်ဦးကို ရွေးကောက်ပွဲ မတိုင်မီ အစိုးရ ကို အတိုက် အခံပြုခဲ့သူတွေအဖြစ် တရားစွဲဆို ပြီးတဲ့နောက် အခုလို ပစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အိုဒီခါ အဖွဲ့ရဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့ အာဒီလာ ရာဟန်ခန် နဲ့ နာစီရူဒင် အီလန် တို့ နှစ်ယောက် ကို ထောင်ဒဏ် ချမှတ် ခဲ့သူကတော့ တရားသူကြီး ဇာလ်ဖီကာ ဟာရတ် လို့ သိရပါတယ်။
ရာဟန်ခန်ကအသက် ၆၃ နှစ်နဲ့ အီလန်က အသက် ၅၇နှစ်ရှိပြီး အိုဒီခါ ဆိုတဲ့ အဖွဲ့ကို ထူထောင်ပြီး ဆယ်စုနှစ်တွေ ထဲမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတွင်းက ထောင်ပေါင်းများစွာသော တရားမဲ့သတ်ဖြတ်မှု၊ အတိုက်အခံတက်ကြွလှုပ်ရှားသူတွေ အဖမ်း ခံရပြီး ပျောက်ဆုံးသွားမှု စတာတွေ အပြင် ရဲတပ်ဖွဲ့ ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ကြိုးစား မှတ်တမ်းတင်နေတာ ဖြစ် ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်က ပြုစုထားတဲ့ တရားလက်လွတ် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး အိုဒီခါအဖွဲ့ ခေါင်းဆောင် နှစ်ယောက် ကို ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။
“သူတို့က သတင်းမှားတွေ ဖြန့်ဝေမှု၊ ဘာသာရေး စိတ်ဓာတ်တွေကို ထိခိုက်စေပြီး နိုင်ငံတော်ရဲ့ ပုံရိပ်ကို ထိခိုက်စေမှု စတာ တွေ ကျူးလွန်တယ်” လို့ အစိုးရရှေ့နေ နာဇူး အီစလန် ရှမင်က AFP ကို ပြောပါတယ်။
လာမယ့် ၂၀၂၄ ဇန်န၀ါရီလမကုန်မီ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေး ရာသီဥတုနဲ့ ပတ်သက်ပြီးလည်း အနောက်နိုင်ငံ အစိုးရ တွေက စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆို ခဲ့ကြတယ်လို့ သိရပါတယ်။
Ref: AFP/ga
ပုံစာအညွှန်း။ အာဒီလာ ရာဟန်ခန်ကို စက်တင်ဘာ ၇ရက်နေ့က ဒါကာက တရားရုံးတစ်ခုမှာ တွေ့ရစဥ်
Feature Image Credit: AFP/File/Munir uz ZAMAN)