ဘင်္ဂလားဒေ့ရှ်မှာ ရေလွှမ်းမိုးမှုဖြစ် လူ ၂သန်းနီးပါး ဒုက္ခတွေ့နေ

ဒါကာ၊ ဇွန် ၂၃

၂၀၂၄ ဇွန်လ ရက်သတ္တပတ်တွေမှာ  ဘင်္ဂလားဒေ့ရှ် အရှေ့မြောက်ပိုင်းဒေသအနှံ့ မိုးသည်:ထန်ခဲ့လို့ လူပေါင်း ၁ဒသမ၈ သန်းကျော်နေအိမ်တွေမှာ သောင်တင်နေကြတယ်လို့ နိုင်ငံပိုင်မီဒီယာနဲ့ လူသားချင်းစာနာ ထောက်ထားမှုအေဂျင်စီတွေက ပြောဆိုလိုက်ပါတယ်။

အခုရေကြီးရေလျှံမှုက ဇွန်လတစ်လထဲမှာ ဒုတိယအကြိမ်ဖြစ်ပြီး လူနေအိမ်တွေ၊လယ်မြေတွေအကုန် ရေလွမ်းနေတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရပိုင် သတင်းအေဂျင်စီ Sangbad Sangstha (BSS) က တနင်္ဂနွေနေ့ ဇွန်လ ၂၃ရက်မှာ ပြောပါတယ်။

နေရာအနှံ့ ရေကြီးရေလျှံမှုဟာ အိန္ဒိယနယ်စပ်က တောင်ကုန်းအထက်ပိုင်းမှာရှိတဲ့ တောင်တန်းဒေသတွေမှာ မိုးသည်းထန်အောင်ရွာပြီး စီးလာတဲ့ ရေတွေကြောင့် ဒေသတွင်းက မြစ်လေးစင်း စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေတယ်လို့ သိရပါတယ်။

အဆိုးရွားဆုံးကတော့  အနိမ့်ပိုင်းနေရာတွေက  ရွာသူရွာသားတွေဟာ  ရင်ဘတ်လောက်အထိမြုပ်တဲ့ ရေပြင်ကြီးထဲမှာ ခက်ခက်ခဲခဲ  ရွှေ့ပြောင်းနေကြရတယ်လို့လည်း သိရပါတယ်။

အခုချိန်မှာတော့  ပိတ်မိနေသူတွဟာ အစာပြတ်၊ရေပြတ်တဲ့ ဆိုးရွားတဲ့ ဒုက္ခကို  ရင်ဆိုင်နေရလို့ စိုးရိမ်စရာ အခြေနေကို ရောက်နေတယ်လို့ ဒေသခံမီဒီယာတွေမှာ ‌ဖော်ပြနေကြပါတယ်။

Ref: cna

ပုံစာ။ ရွာထဲမှာ ရေလွှမ်နေပုံ

Feature Image Credit:  Salahuddin Paulash/Drik/Getty Images)

Visited 46 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *