ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေမှာ  ဆိုင်ကလုန်းမုန်တိုင်းတိုက် လူနှစ်ယောက်သေ၊ ဆက်သွယ်ရေးတွေ ပြတ်တောက်

မေ ၂၇ (တနင်္လာနေ့) မနက် ၁၀နာရီမှာ ဘင်္ဂလားဒေ့ရှ် ကို မုန်တိုင်းစဝင်နေ

ပါတွတ်ခါလီ(ဘင်္ဂလားဒေ့ရှ်)၊ မေ ၂၇

တနင်္လာနေ့ (မေလ ၂၇ ရက်)မှာ  ဘင်္ဂလားဒေ့ရှ်နဲ့  အိန္ဒိယနိုင်ငံ ရဲ့ အောက်ဖက်အနိမ့်ပိုင်းကမ်းရိုးတန်းမှာ ပြင်းထန်တဲ့  လှိုင်းကြီးမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ရီမယ်လ်ဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီးကတည်းက လူနှစ်ယောက်  သေဆုံးခဲ့တယ်လို့ ဘင်္ဂ လားဒေ့ရှ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာန အတွင်းရေးမှူး ခမ်းရူ ဟာဆင်က က အေအက်ဖ်ပီကို ပြောပါတယ်။

လေတိုက်နှုန်း တစ်နာရီ ၁၁၁ ကီလိုမီတာအထိ စံချိန်တင်တဲ့ မုန်တိုင်းကြောင့် ဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနမှ အကြီးတန်း မိုးလေဝသခန့်မှန်းသူ မူဟာမက် အဘူလ် ခါလမ် မာလစ်က ပြောပါတယ်။

 “ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းက မနက် ၁၀ နာရီ (၀၄၀၀ ဂရင်းနစ်စံတော်ချိန်) ကစပြီး ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းကို စဝင်ရောက်နေပြီလို့လည်း မာလစ်က အေအက်ဖ်ပီကို ပြောပါတယ်။

“ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နေရာအတော်များများမှာ မိုးသည်းထန်ရွာသွန်းခဲ့ပါတယ်။ မိုးပိုရွာပြီးရင်တော့ ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ အားပျော့တဲ့ မုန်တိုင်းအဖြစ် ပြောင်းသွားမှာပါ။” ဆိုပြီးလည်း မိုးဇလဌာနက သတင်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Ref: AFP

ပုံစာ။ ဘင်္ဂလားဒေ့ရှ်မှာ မုန်တိုင်း တိုက်နေပုံ

Feature Image Credit: AFP/Dibyangshu Sarkar

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *