ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ တိမ်းရှောင်သွားကြတဲ့ မြန်မာနယ်ခြားစောင့်ရဲ နဲ့ မိသားစုဝင်များအား မြန်မာသို့ပြန်လွဲ

◼️ရေကြောင်းက တဆင့်

ရခိုင်နယ်စပ်မှာ အေအေနဲ့တပ်မတော်ကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၀၂ ဦး၊ မိသားစုဝင် လေးဦး၊ တပ်သားတစ်ဦး၊လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဝင် ၁၈ ဦးနဲ့ အရပ်သား၄ဦး စုစုပေါင်း ၃၃၀ ဦးတို့ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)က မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGP) သို့ ဒီနေ့မှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် BGB ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကျော်မိုးတို့ တက်ရောက်ခဲ့တာတွေ့ရပါတယ်။

သူတို့ဟာ ရခိုင်ပြည်နယ် တောင်ပြိုမြို့ လက်ဝဲနဲ့ လက်ယာစခန်းတို့ကို အေအေက လာသိမ်းတဲ့ ၂၀၂၄ဖေဖော်ဝါရီ ၄ ရက်ကနေ ၆ ရက်မှာ စွန့်ခွါထွက်ပြေးသွားခဲ့တာပါ။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *