
Photo Credit : xinhwa
ဒါကာ၊ စက်တင်ဘာ ၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူတို့ရဲ့ အထင်ကရ အခြေခံအဆောက်အဦတွေထဲက တစ်ခုဖြစ်တဲ့ First Dhaka Elevated Expressway မိုးပျံလမ်းမကြီးရဲ့ လမ်းကြော တချို့ကို ယာဥ်သွားလာဖို့ စက်တင်ဘာ ၂ရက် က စတင်ဖွင့်လှစ်ပေးခဲ့ တာမို့ စက်တင်ဘာ ၃ရက် တနင်္ဂနွေနေ့က စ အသုံးနိုင်ခဲ့ပြီး နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးသမိုင်းသစ်မှတ်တိုင် တစ်ခု စိုက်ထူ ခဲ့ပါ တယ်။
တံတားကြီးဟာ ၁၉.၇၃ ကီလိုမီတာ ( ၁၂မိုင် ၂၅ဖာလုံ) ရှည်လျားပါတယ်။ ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏဏီ တွေကတော့ တရုတ်ကုမ္ပဏီ နှစ်ခု ဖြစ်တဲ့ ရှန်ဒေါင်းကုမ္ပဏီ (SDHS)၊ပါဝါဆောက်လုပ်ရေးကုမ္ပဏီ နဲ့ ထိုင်းကုမ္ပဏီတို့ ပူးပေါင်းရင်းနှီး မြုပ်နှံ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
စနေနေ့က အမြန်လမ်းဖွင့်ပွဲမှာ ၀န်ကြီးချုပ် ရှိတ် ဟာစီနာ က ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့ပြသယ်ယူပို့ဆောင်ရေးစနစ် အတွက် မှတ်တိုင်သစ်တစ်ခုလို့ ပြောဆိုခဲ့ပါတယ်။
ဒီတံတားကြီးကို ဒါကာမြို့ခံတွေနဲ့ နိုင်ငံတစ်ဝှမ်းက ပြည်သူတွေ အတွက် လက်ဆောင်အနေနဲ့ ပေးခဲ့တာ ဖြစ်သလို ၊ မြို့တော်နဲ့ အခြားဒေသတွေကြား ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် တံတားကြီးက အရေးပါလာတော့မှာ ဖြစ်တယ်လို့လည်း ဟာစီနာ က ပြောပါတယ်။ ပြီးတော့ ဒီမိုးပျံလမ်းကြီး ဖောက်လုပ်တဲ့ နေရာမှာ ပါဝင်ခဲ့တဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။
ရှန်ဒေါင်းကုမ္ပဏီ ရဲ့ ဒါရိုက်တာ လီဂေါင်ရှင်းက စီမံကိန်းကို ပံ့ပိုးပေးတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကို ကျေးဇူးတင်တဲ့ အကြောင်း ပြောဆိုခဲ့သလိုကုမ္ပဏီအနေနဲ့လည်း ဆောက်လုပ်ရေးကို အရှိန်မြှင့်ပြီး ကျန်တဲ့ လမ်းပိုင်းတွေ အမြန်ဖွင့် နိုင်ဖို့ကြိုးစားသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။R
Ref: ဆင်ဟွာ