ဘင်္ဂလားဒေ့ရှ်က ဆန္ဒပြ မငြိမ်သက်မှုတွေကြောင့် သေဆုံးသူ  ၂၆၀ အထိရှိခဲ့ပြီး အစိုးရရဲ့ ထုတ်ပြန်ချက်ကို ကျောင်းသားတွေက ကန့်ကွက်ရှုတ်ချ

ဒါကာ၊ ဇူလိုင် ၃၀

ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် လူပေါင်း ၂၀၆ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ့်က ဆန္ဒပြပွဲတွေဟာ ခဏ ငြိမ်သက်နေပေမယ့် မပြီးဆုံးသေးဘူးလို့ မီဒီယာတွေက  ဇူလိုင် ၃၀ မှာ ပြောဆိုခဲ့ကြပါတယ်။

ပြသနာ အစက အရပ်ဘက် ဝန်ထမ်း အလုပ်အကိုင် ခွဲတမ်းကို ဆန့်ကျင်တဲ့ ကျောင်းသား ချီတက်ပွဲတွေ ရက်အတော်တော်ကြာကြာ ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲက အင်အားသုံး ဖြိုခွင်ခဲ့တာ ဖြစ်ပါတယ်။

ရုန်းရင်းဆန်ခတ်မှုတွေဟာ  ဝန်ကြီးချုပ် ရှိတ် ဟာစီနာရဲ့ ၁၅ နှစ်တာ ရာထူးသက်တမ်းမှာ အဆိုးရွားဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

ဟာစီနာ အစိုးရက အစုလိုက်အပြုံလိုက်ဖမ်းဆီးတာ၊ တပ်တွေချထားတာနဲ့ တစ်နိုင်ငံလုံး အင်တာနက်ပိတ် ပစ်လိုက်တာ စတာတွေ လုပ်ခဲ့ပါတယ်။ ဒီနောက်တော့ အလုပ်သမားခွဲတမ်းနဲ့ ပတ်သက်ပြီး တရားရုံးတော်က ပြင်ဆင်ဖို့ အမိန်ချအပြီး အခုလို  အတန်အသင့် တည်ငြိမ်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အစိုးရက ဇူလိုင် ၃၀ရက်ဟာ အပစ်မဲ့ သေဆုံးသွားသူတွေအတွက် ဝမ်းနည်းဖွယ်နေ့ဆိုပြီး ကြေငြာလိုက်တာကို ကျောင်းသားတွေက လက်မခံဘဲ သဘောထားထုတ်ပြန်ခဲ့ကြပါတယ်။

“နိုင်ငံတော်တပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် တရားမျှတမှုကို အာမခံမယ့်အစား ကျောင်းသားတွေကို ရက်စက်စွာ လှောင်ပြောင်ခဲ့တာပါ” လို့ ကျောင်းသားအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူးတစ်ဦးဖြစ်သူ မဟင်ဆာကာက ထုတ်ပြန်ချက် တစ်ခု ထုတ်ပြီး ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

Ref: BBC

ပုံစာ။ ရဲတပ်ဖွဲက ဆန္ဒပြကျောင်းသားတွေကို ဟန့်တားဖြိုခွင်းနေပုံ

Feature Image Credit: AP Photo/Rajib Dhar

Visited 38 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *