ဘင်္ဂလားဒေ့ရှ်က  ကမ္ဘာ့အကြီးဆုံး ဒီရေတောကြီးဧရိယာမှာ ပလတ်စတစ် သုံးစွဲခွင့်မပြုတော့

ဒီရေတောကြီးထဲ လည်ပတ်နေကြပုံ
Photo Credit: Daily Sun

ဒါကာ၊မတ် ၂၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဒီရေတောကြီးထဲမှာ အမှိုက်စွန့်ပစ်တဲ့ ကမ္ဘာလှည့်ခရီး သည်တွေကြောင့် ဂေဟ စနစ် ဆိုးရွား ပျက်စီးတာတွေ ကြုံခဲ့ရပြီးတဲ့နောက်  အဲဒိ ဆန်ဒါဘန် ဒီရေတောကြီးရဲ့ ဧရိယာတစ်ခုလုံးမှာ တစ်ခါသုံး ပလတ်စတစ် သုံးစွဲတာကို တားမြစ်ချက် ချမှတ်လိုက်ရကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်သူတွေက မတ် ၂၈ ရက် အင်္ဂါနေ့က  ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ်လည်း သတ်မှတ်ခံထားရတဲ့ ဆန်ဒါဘန် ဒီရေတောဟာ  ဘင်္ဂလားကျားနဲ့ ဧရာဝတီ  လင်းပိုင် အပါအဝင် ကမ္ဘာ့အရှားပါးဆုံး သတ္တဝါတချို့ နေထိုင်ကျက်စားကြရာနေရာလည်း ဖြစ်တယ်လို့ ဆိုပါ တယ်။

အစိုးရက ထုတ်ပြန်တဲ့ ကိန်းကဏန်းတွေ အရ  နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ၂၀၀,၀၀၀ လောက် လာရောက်လည် ပတ် ကြောင်း သိရပါတယ်။

“သူတို့က တောကိုသွားလည်တဲ့အခါ တစ်ခါသုံးရေဗူးတွေ၊ တစ်ခါသုံးပလတ်စတစ်မုန့်ဘူးတွေ၊ အချိုရည်ပုလင်း တွေနဲ့ သံဗူး တွေ ယူလာကြတယ်” လို့ အစိုးရသစ်တောထိန်းသိမ်းစောင့်ရှောက်သူ အဘူ နာဆာက အေအက်ဖ်ပီကို ပြောပါတယ်။ ဒီအမှိုက်တွေက ရှင်းဖို့ အရမ်းခက်ကြောင်းကိုလည်း သူက ပြောပါသေးတယ်။

အခုဆို ဘင်္ဂလားဒေ့ရှ် သဘာဝပတ်ဝန်းကျင်ဝန်ကြီး အမ်ဒီ ရှာဟတ် အာဒင် က  သစ်တောဧရိယာ စတုရန်းကီလို မီတာ ၆၅၀၀ (စတုရန်းမိုင် ၂၅၀၀) တစ်ခွင်လုံးမှာ တစ်ခါသုံး ပလတ်စတစ် တားမြစ်ချက်တစ်ခု တနင်္လာနေ့နှောင်း ပိုင်းက ထုတ်ပြန် ကြေငြာလိုက်ပြီဖြစ်ပါတယ်။။

“ပလတ်စတစ်ကြောင့် ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုဟာ မျက်လုံးနဲ့မမြင်နိုင်ပေမယ့် အရမ်းကို ဆိုးပါတယ်။ နောက်ပြီး တောရိုင်းတိရိစ္ဆာန်တွေက ဒီပလတ်စတစ်တွေကို ခဏခဏ စားမိတတ်ကြပါတယ်။” လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တစ် ယောက် က ပြောပါတယ်။

ဆန်ဒါဘန်ဟာ ကမ္ဘာ့အကြီးဆုံး ဒီရေတောကြီး ဖြစ်ပြီး ဒီတောကြီးရဲ့ အစိတ်အပိုင်းတော်တော်များများဟာ ၁၉၉၇ခုနှစ်က တည်းက စပြီး ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထား တဲ့ နေရာတွေလည်း ဖြစ်ပါ တယ်။

Ref: CNA

Visited 27 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *