ဒါကာ၊ စက်တင်ဘာ ၈
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရအလုပ်လျှောက်ချင်တဲ့ သူတွေဟာ အသက် ၃၅ နှစ်အထိပဲရှိရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ပြင်ပေးဖို့ တောင်းဆိုဆန္ဒပြတဲ့ အဖြစ်အပျက်တချို့ ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာ ၈ရက်က ပြောပါတယ်။
အခု ကြုံနေရတဲ့ အသက်ကန့်ကတ်မှု လျှောချပေးဖို့ တောင်းဆိုတာတွေက အခုကာလမှ မဟုတ်ဘဲ ဝန်ကြီးချုပ်ဟောင်း ဟာစီနာ့ လက်ထက်ကတည်းက ရှိနေခဲ့တာလို့ သိရပါတယ်။
တောင်းဆိုသူတွေဘက်ကတော့ အနည်းဆုံး ၃၇နှစ်အထိတော့ အရည်အချင်း ပြည့်ရင် အစိုးရအလုပ် လျှောက်နိုင်ဖို့ ဆန္ဒရှိနေခဲ့တာ ဖြစ်ပါတယ်။
အလုပ်အကိုင်လိုနေကြတဲ့ ဆန္ဒပြသူတွေက ဒါကာက အမျိုးသားပြတိုက်ရှေ့မှာ ထိုင်ပြီး အသက်ကန့်သတ်ချက် တိုးပေးဖို့ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လိုဆိုပါတယ်။
“အစိုးရအလုပ်တွေအတွက် အသက်ကန့်သတ်ချက်ကို ၃၅ နှစ်ကနေ ထပ်တိုးပေးဖို့ ဆော်သြနေတာကြာပြီ။ ဒီအခြေအနေကြောင့် မနေ့က ကြီးကျယ်ခမ်းနားတဲ့ လူထုစုဝေးပွဲကို ကျင်းပခဲ့ပြီး နေ့လည် ၁ နာရီကစပြီး အမျိုးသားပြတိုက် ရှေမှာ ထိုင်ပြီး ဆန္ဒဖော်ထုတ်တဲ့ အစီအစဉ်ကို လုပ်ခဲ့တာပါ” လို့ ဒီလှုပ်ရှားမှုရဲ့ ညှိနှိုင်းရေးမှူးတစ်ဦးဖြစ်တဲ့ ရာဆေး အယ်လ် မာမက်က စက်တင်ဘာ ၈ရက် တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
Re: Bangladesh Tribune
ပုံစာ။ ၂၀၂၄ စက်တင်ဘာ ၈ရက်က အမျိုးသားပြတိုက်ရှေ့မှာ ဆန္ဒဖော်ထုတ်နေကြပုံ
Feature Image credit: Bangladesh Tribune



