ဘက်ပေါင်းစုံက ခြိမ်းခြောက်ခံနေရတဲ့ သီရိလင်္ကာကျားသစ်တွေရဲ့ အနာဂတ်

၁၉၈၃ ကနေ ၂၀၀၉ ခုနှစ်အထိ ၂၆နှစ်တိုင်တိုင် ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပြည်တွင်းစစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံဟာ အခုချိန်မှာ လျှင်လျှင်မြန်မြန်ပဲ တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်မှုလမ်းစကို ရှာဖွေတွေ့ရှိနေပြီိဖြစ်ပါတယ်။ ဒါပေမယ့် သီရိလင်္ကနိုင်ငံတွင်းက ကျားသစ်မျိုးနွယ်တစ်ခုလုံးကတော့ ဘက်ပေါင်းစုံက ခြိမ်းခြောက်ခံနေရဆဲပဲဖြစ်ပါတယ်။

လက်ရှိမှာတော ့သီရိလင်္ကကာကျွန်းပေါ်ကကျားသစ်တွေရဲ့ နှစ်ကာလများစွာ ကတည်းက နေထိုင်ကျက်စားလာခဲ့တဲ့ တောတွေဟာ လူသားတွေရဲ့ စိုက်ပျိုးမြေဧရိယာ ချဲ့ထွင်လာကြတာရယ်၊ အဆောက်အဥိတွေ တိုးချဲ ့ဆောက်လုပ်လာကြတာတွေရယ်ကြောင့် ကျားသစ်တွေဟာ သူတို့ကျက်စားစရာ နေရာမရှိလောက်အောင် ညှပ်ပူးညှပ်ပိတ် ဒုက္ခရောက်နေကြရပြီလို့ သဘာဝသားရိုင်းထိန်းသိမ်းရေး လုပ်ငန်း လုပ်နေတဲ့ သီရိလင်္ကာသူ အန်ဂျလီ ဝတ်ဆန် က ပြောပါတယ်။

ကျမတို့ ကျားသစ်တွေ အများကြီးဆုံးရှုံးသွားခဲ့ရတယ်။ ပြည်တွင်းစစ်ဒဏ်ကြောင့် တောရိုင်းတိရစ္ဆာန်တွေရဲ့  သဘာဝဂေဟစနစ်တွေသာမက စားကျက်မြေ ရဝရာခိုင်နူန်းလောက်ပျက်ဆီးသွားခဲ့ရတယ်။ အခုဆို  အရွယ်ရောက်ပြီးသား ကျားသစ်ကောင်ရေ ၇၅၀ ကနေ ၁၀၀၀ ကြားထဲပဲ ကျန်တော့တယ်။ လို့ ဝတ်ဆန် က ရှင်းပြတယ်။

ဒါ့အပြင် မုဆိုးတွေရဲ့ ကျော့ကွင်းရန်ကလည်းမသေးဘူး၊ သူတိုက ခြုံနေသတ္တဝါတွေ အပါအဝင် တောဝက်တွေ သမင်တွေကို ထောင်တဲ့ လျှပ်စစ်ဝါယာကြိုးတပ်ထောင်ချောက် တွေရဲ့ အန္တရာယ်က အရမ်းက ကြီးပါတယ်။

ကျားသစ်ဆိုတာ သီရိလင်္ကာရဲ့ အဓိကထိပ်တန်း တိရစ္ဆာန်ပါ၊။ သူကို ကာကွယ်ပေးနိုင်ရင် အားလုံးနှီးနွယ်နေတဲ့ တောရဲ့ဂေဟစနစ်တစ်ခုလုံးကို ကာကွယ်ပေးရာရောက်ပြီး ကျန်တဲ့ တိရစ္ဆာန်မျိုးစိ်တ်တွေ အတွက်ပါ ကောင်းတဲ့ သက်ရောက်မှု ရမှာအသေချာပဲလို့လည်း ဝတ်ဆန်ကဆိုပါတယ်။

ဝတ်ဆန် က မြို့တော် ကိုလံဗို မှာ ကြီးပြင်းလာတဲ့သူဆိုပေမယ့် တောတောင်တွေကို နှစ်သက်တယ်။ တောရိုင်းတိရစ္ဆန်တွေနဲ့ ပတ်သက်ပြီးခိုင်မာတဲ့ ခံစားချက်ရှိသူဖြစ်တယ်။

၁၉၉၄ခုနှစ်မှာ ကနေဒါနိုင်ငံ အွန်တေရီယိုမြို့ကို ပြောင်းရွှေ့ခဲ့ပြီး McMaster တက္ကသိုလ်မှာ ပညာသင်ယူ ခဲ့ပါတယ်။ အဲ့ဒိမှာပဲ သူရဲ့အနာဂတ်မှာ ခင်ပွန်းဖြစ်လာမယ့် အင်ဒရူး ကစ်တယ် နဲ့ ဖူးစာဆုံခဲ့တာဖြစ်ပါတယ်။

နှစ်အနည်းငယ်အကြာမှာတော့ တောရိုင်းသဘာဝကို စိတ်ဝင်စားတဲ့ သူတို့ဇနီးမောင်နှံဟာ သီရိလင်္က ကို ပြန်လာခဲ့ပါတယ်။ ၂ဝဝဝခုနှစ်မှာတော့ သူတို့နှစ်ဦးဟာ သီရိလင်္ကာကျွန်းရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ယာလလို့ခေါ်တဲ့ အမျိုးသားသဘာဝဥယျဉ်မှာ ကျားသစ်လေ့လာရေး ရှေ့ပြေး ပရောဂျက်တစ်ခု့ကို စတင် အကောင်ထည်ဖော်ခဲ့ကြပါတော့တယ်။

အဲဒိမှာ လူတွေမသိသေးတဲ့ တရိစ္ဆာန်မျိုးစိတ် တွေ့ရတယ်၊ သူတို့ကို ကာကွယ်ပေးဖို့ အရေးကြီးတယ်လို့ ဝတ်ဆန်က ပြောပါတယ်။ ၂၀၀၄ခုနှစ်မှာတော့ ဝတ်ဆန် နဲ ့ ကစ်တယ် တို့နှစ်ဦးက Wilderness & Wildlife Conservation Trust (WWCT) ကို စတင်ထူထောင်ခဲ့ပြီး  ဒီနေ့မှာတော့ နိုင်ငံထဲက နေရာလေးနေရာမှာ ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ဆောင်နေကြပါတယ်။

သူတို့က လျှိုဝှက်ကင်မရာတွေတပ်ဆင်ပြီး ကျားသစ်ကောင်ရေနဲ့ အရွယ်အစားကို သုတေသနလုပ်ကြပါတယ်။ ဓါတ်ပုံမှတ်တမ်းတွေအရ ကျားသစ်တွေရဲ့ ကိုယ်ပေါ်က အစက်အပျောက်တွေက အရမ်းကို ထူးခြားပြီး အခြားဒေသတွေက ကျားသစ်တွေရဲ့ အစက်တွေနဲ့ လုံးဝကွဲပြားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီမျိုးစိတ်က ထင်ရှာပြီးနာမည်ကြီးတာလို့ သိရပါတယ်။

တောထဲမှာ ကင်မရာတွေလိုက်တပ်ရတာ အရမ်းခက်ခဲပင်ပန်းတယ်၊ ကျောက်တောင်အစွန်းတွေတက်ရ တယ်၊၊ခရီးကြမ်းတွေ သွားရတယ်၊ ဒါသာမက  ဆင်တွေ ဝက်ဝံတွေ မြွေတွေနဲ့လည်း တစ်ခါတစ်ရံ ထိပ်တိုက် ဆုံရသေးတယ် လို့ပြောပါတယ်။

လေ့လာရသမျှ ဒီကျားသစ်တွေဟာ အစားအသောက် မျိုးစုံကို ဇီဇာမကြောင်ဘဲ စားတတ်တဲ့ တိရစ္ဆာန်လို့သိရပါတယ်။ ဒီကောင်တွေက သမင်၊မျောက်။ တောဝက်။ ဖြူကောင် အပြင် ယုန်တွေလည်း စားတတ်တယ်လို့ပြောပြပါသေးတယ်။

ဝတ်ဆန်ကတော့ သူတို ့အဖွဲ့ရဲ့ အားထုတ်မှုကြောင့် ကျားသစ်တွေအတွက် အတည်တကျဖြစ်မယ့် ကျက်စားနားခိုရာနေရာတစ်ခုတာ့ ရလာလိမ်မယ်လို့ မျှော်လင့်နေပါတယ်။ သစ်တောကြိုးဝိုင်းတွေ သဘာဝအရိုင်းနယ်မြေတွေကို စနစ်တကျကာကွယ်ပေးထားနိုင်ရင် လူတွေရော တိရစ္ဆာန်ပါ အားလုံးယှဉ်တွဲ အသက်ရှင်နိုင်မယ်လို့ပြောပါတယ်။ ဝတ်ဆန်ကတော့ ထူးခြားပြီးလှပတဲ့ တိရစ္ဆာန်တွေ ကမ္ဘာကြီးပေါ်မှာ ဆက်လက်ရှင်သန်နေနိုင်ဖို့ကိုပဲ အမြဲအိမ်မက်နေဆဲ ဖြစ်ပါကြောင်း။

By Sarah Lazarus and Jon Jensen, CNN

Updated 4:41 AM ET, Thu January 16, 2020

Translated by Nicolas K

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *