လန်ဒန်မြို့ရှိ ဗြိတိသျှစာကြည့်တိုက် (British Library)က Chevening ထောက် ပံ့ကြေးပေးအပ်ဖို့အတွက် ရှမ်းလူငယ် အ မျိုးသားတစ်ယောက်ဖြစ်တဲ့မျိုးသန့်လင်းကို ရွေးချယ်ခဲ့တယ်လို့ ရန်ကုန်မြို့ရှိ ဗြိတိန် သံရုံးကသတင်းထုတ်ပြန်ခဲ့ပါတယ်။
Chevening ထောက်ပံ့ကြေးပေးအပ်ဖို့ ရွေး ချယ်ခံခဲ့ရတဲ့ ရှမ်းလူငယ် အမျိုးသားနာ မည်မှာ မျိုးသန့်လင်းဖြစ်ပြီး မျိုးသန့်လင်း အနေနဲ့ ရှမ်းပြည်မြောက်ပိုင်းရှိ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော စာပေ များကို ရေးဖွဲ့၊ ကူးယူ ဖတ်ရှုသည့် ပုရပိုက် စာဆိုတော်ပညာရှင် မိသားစုတွင် ကြီးပြင်း ခဲ့ပြီး အသက် ၁၆ နှစ်မှစတင်၍ ပုရပိုက် စာဆိုတော်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး ပဋိစ္စသမုပ္ပါဒ် (ဝိပဿနာ တရားတော်)၊ ဇာတ်တော်၊ ဗုဒ္ဓဘာသာ စိတ်နေစိတ်ထား၊ ဗုဒ္ဓဘာသာကျင့်ထုံးများ ဖြစ်သည့် ပေးကမ်းမှု (ဒါန)၊ အကျင့် (သီလ)၊ စာနာရိုင်းပင်းတတ်မှု (ကရုဏာ) နှင့် ကမ္မဋ္ဌာန်း (ဘာဝနာ) ဆိုင်ရာ ခေါင်းစဉ်များအပေါ် ပုရပိုက်စာပေ ၆ အုပ် ရေးသားခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
ဗြိတိသျှစာကြည့်တိုက်အနေနဲ့ မျိုးသန့် လင်းကို ထောက်ပံ့ကြေးအပြည့်(၁၂)လ ပေးအပ်သွားမှာဖြစ်ပြီး ဗြိတိသျှ စာကြည့် တိုက်ရဲ့ စုစည်းမှုမှ ရှမ်းဘာသာ စကား စာမူများကို သုတေသနပြုကာရှမ်းစာပေယဉ်ကျေးမှုကို ပိုမိုကျယ်ပြန့်စွာနားလည်လာစေ ရန် ရည်ရွယ်ချက်နဲ့ ပါဝင်ကူညီခဲ့တာလို့ သိရပါတယ်။